၂၀၂၁-၂၀၂၂ ပညာသင်နှစ်အခြေခံပညာကျောင်းများ၌ကျောင်းအပ်နှံမှုများ စတင်

နေပြည်တော် - မေ - ၂၄

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက်အခြေခံပညာဦးစီးဌာနအောက်ရှိအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့်မူလတန်းအဆင့်ကျောင်းများအား ပြန်လည်ဖွင့်လှစ်မည်ဖြစ်ရာ ကျောင်းသား/ ကျောင်းသူများအား ကျောင်းအပ်နှံမှုလက်ခံခြင်းများကို မြန်မာနိုင်ငံတစ်ဝန်း၌ ယနေ့နံနက်ပိုင်းမှ စတင်ဆောင်ရွက်ပေးလျက်ရှိရာ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၃ နာရီထိ လက်ခံပေးလျက်ရှိသည်။

ယင်းသို့ဆောင်ရွက်ရာတွင်နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများရှိကျောင်းများအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိအခြေခံပညာကျောင်းများအလိုက်ကျောင်းအုပ်ကြီးများ၊ ကျောင်း အုပ်ချုပ်မှုတာဝန်ခံများနှင့် ဆရာ^ဆရာမများက ကျောင်းလာရောက်အပ်နှံသူ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား/ကျောင်းသူများ အဆင်ပြေချော့မွေ့စွာအပ်နှံနိုင်ရေး ဆောင်ရွက်ပေးကြသည်။ ကျောင်း နှင့်ကျောင်းသားကျောင်းသူများ လုံခြုံရေးအတွက်ကိုလည်း သက်ဆိုင်ရာလုံခြုံရေး တာဝန်ရှိသူများနှင့် တာဝန်သိပြည်သူများက  ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါကျောင်းများလာရောက်အပ်နှံစဉ်ကျောင်းသား/ကျောင်းသူများအတွက်ပညာရေးဝန်ကြီး ဌာနမှ အခမဲ့ထောက်ပံ့ပေးအပ်သည့်စာရေးကိရိယာများ၊ ကျောင်းသုံးစာအုပ်များနှင့် COVID - 19  ကာကွယ်ရေးဆိုင်ရာအထောက်အကူပြုပစ္စည်းများကိုလည်း တစ်ပါတည်း ထောက်ပံ့ပေးအပ်ခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းဒေသကြီးနှင့် ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဉက္ကဌများ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများကသွားရောက်ကြည့်ရှုအားပေးကြပြီး ကျောင်းဝန်းများအတွင်လှည့်လည် ကြည့်ရှုကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြသည်။

ထို့အပြင် COVID-19 ရောဂါ ကာကွယ်ကုသမှုကာလအတွင်း Qurantine ဆောင်များ အဖြစ်အသုံးပြုခဲ့သော စာသင်ဆောင်များကိုလည်း နယ်မြေခံဆေးတပ်ရင်းမှ တပ်မတော်သား များက လိုအပ်သည့်ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။

ထိုသို့ ကျောင်းအပ်လက်ခံခြင်း ဆောင်ရွက်စဉ် ဆရာမတစ်ဦး၏ ရင်တွင်းစကားသံများအား ယခုလိုပဲကြားသိခဲ့ရပါတယ်-