၂၀၂၁-၂၀၂၂ ပညာသင်နှစ်အခြေခံပညာကျောင်းများ၌ကျောင်းအပ်နှံမှုများ ဆက်လက်ဆောင်ရွက်

နေပြည်တော် - မေ – ၃၁

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက်အခြေခံပညာဦးစီးဌာနအောက်ရှိအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့်မူလတန်းအဆင့်ကျောင်းများအား ပြန်လည်ဖွင့်လှစ်မည်ဖြစ်ရာ ကျောင်းသား/ ကျောင်းသူများအား ကျောင်းအပ်နှံမှုလက်ခံခြင်းများကို မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံပညာ ကျောင်းများ၌ မေ ၂၄ ရက်နံနက်ပိုင်းမှ စတင်၍နံနက် ၉ နာရီမှ ညနေ ၃ နာရီထိ လက်ခံ ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင်လည်း နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများရှိ ကျောင်းများအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများအလိုက် ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှုတာဝန်ခံများနှင့် ဆရာ/ဆရာမများက ကျောင်းလာရောက်အပ်နှံသူ မိဘအုပ်ထိန်း သူများနှင့် ကျောင်းသား/ကျောင်းသူများ အဆင်ပြေချော့မွေ့စွာအပ်နှံနိုင်ရေး ဆောင်ရွက်ပေးကြ သည်။ ကျောင်းနှင့် ကျောင်းသား/ကျောင်းသူများ လုံခြုံရေးအတွက်ကိုလည်း သက်ဆိုင်ရာ လုံခြုံရေး တာဝန်ရှိသူများနှင့် တာဝန်သိပြည်သူများက  ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိသည်။

အဆိုပါကျောင်းများလာရောက်အပ်နှံစဉ် ကျောင်းသား/ကျောင်းသူများအတွက်ပညာရေးဝန်ကြီး ဌာနမှ အခမဲ့ထောက်ပံ့ပေးအပ်သည့်စာရေးကိရိယာများ၊ ကျောင်းသုံးစာအုပ်များနှင့် Covid-19 ကာကွယ်ရေးဆိုင်ရာအထောက်အကူပြုပစ္စည်းများကိုလည်း တစ်ပါတည်း ထောက်ပံ့ပေးအပ်ခြင်းများ ဆောင်ရွက်ပေးသည်။

ထို့အပြင် COVID-19 ရောဂါ ကာကွယ်ကုသမှုကာလအတွင်း Qurantine ဆောင်များ အဖြစ်အသုံးပြုခဲ့သော စာသင်ဆောင်များကိုလည်း နယ်မြေခံဆေးတပ်ရင်းများမှ တပ်မတော်သား များက လိုအပ်သည့် ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။