၂၀၂၁-၂၀၂၂ ရာသီ PFA လူငယ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ရေပန်းစားမှုတွင် မန်ယူအသင်းကစားသမား ဂရင်းဝုဒ် ထိပ်ဆုံးမှဦးဆောင်နေ

လန်ဒန်၊ ဘောလုံး

နာမည်ကြီး အားကစားသတင်းဝက်ဘ်ဆိုက်တစ်ခု ဖြစ်သည့် Bet Victor Odds ၏ထုတ်ပြန်ချက်အရ ၂၀၂၁-၂၀၂၂ ရာသီ PFA  လူငယ်တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုအတွက်  ရေပန်းစားမှု တွင် မန်ယူအသင်းကစားသမား  ဂရင်းဝုဒ်က ထိပ်ဆုံး မှ ဦးဆောင်နေကြောင်း သိရသည်။

ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်သည် နှစ်စဉ် PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆု အပြင် အသက် ၂၃ နှစ်အောက်  ကစားသမားများ ကိုလည်း PFA လူငယ်တစ်နှစ်တာအကောင်းဆုံး ကစားသမားဆု ပေးအပ်ချီးမြှင့်လျက်ရှိသည်။

၂၀၂၀-၂၀၂၁ ဘောလုံးရာသီက PFA လူငယ်တစ်နှစ်တာ အကောင်းဆုံးကစားသမားဆု ဆွတ်ခူးနိုင်ခဲ့သည့် မန်စီးတီးအသင်း လူငယ် တိုက်စစ်မှူး ဖိုဒန် အနေဖြင့်  ၂၀၂၁-၂၀၂၂ ရာသီ PFA လူငယ်တစ်နှစ် တာအကောင်းဆုံးကစားသမားဆုအတွက် အလေးပေး မှုစာရင်းတွင် ကျဆင်းခဲ့ပြီး အဆင့်(၄)နေရာ၌သာ ရပ်တည်နိုင်ခဲ့သည်။ ယခုဘောလုံးရာသီတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်သုံးပွဲ ကစားပြီးချိန်၌    လူငယ် ကစားသမားများတွင် မန်ယူအသင်းမှ ဂရင်းဝုဒ်သည် အကောင်းဆုံးခြေစွမ်းပြနေပြီး အသင်းနှင့် သုံးပွဲပါဝင် ကစားခွင့်ရရှိခဲ့ကာ ပွဲစဉ်တိုင်းတွင် တစ်ဂိုးစီသွင်းယူ ပေးနိုင်ခဲ့သည်။

Bet Victor Odds မှထုတ်ပြန်ခဲ့သည့် ၂၀၂၁-၂၀၂၂ ရာသီ  PFA  လူငယ်တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုအတွက်  ရေပန်းစားမှု စာရင်းတွင် ဂရင်းဝုဒ်က (၅/၁)လေး၊  အာဆင်နယ်အသင်းမှ ဆာကာ၊ မန်စီးတီးအသင်းမှ  ဖာရန်တောရက်စ်နှင့် ဖိုဒန်၊ ချယ်လ်ဆီးအသင်းမှ ရီစီဂျိမ်းစ်တို့က (၆/၁)လေး၊ နောဝှစ်ချ်အသင်းမှ ဂီးမော့ခ်က (၁၂/၁)လေး၊ အာဆင်နယ်အသင်းမှ စမစ်ရိုးစ်က(၁၄/၁)လေးဖြင့် အသီးသီးရပ်တည်လျက်ရှိကြောင်း  သိရသည်။                                  

Ref;Athletic