၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ  မဟာမင်္ဂလာ အခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ  မဟာမင်္ဂလာ အခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

နေပြည်တော်  မတ်  ၅

၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်အတွင်းရှိ သာသနာ့မဟာဗိမာန် တော် ကြီး၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညို၍ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပြီး ဆွမ်းဆန်စိမ်းများ လောင်းလှူကြသည်။

အခမ်းအနားသို့ အထူးပင့်ဖိတ်ထားသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ မြင်းခြံမြို့၊ ကိုးဆောင်ကျောင်းတိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဇောတိကပါလနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ရှမ်းပြည် နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ သီဟိုဠ်ပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ အဂ္ဂမဟာ ပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တစန္ဒနသာရတို့အမှူးပြုသည့် ၂၀၂၃ ခုနှစ်၊ သာသနာ တော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ကော် ရော်အပူဇော်ခံတော်မူကြမည့် ပြည်တွင်း၊ ပြည်ပဆရာတော်၊ သံဃာတော်များနှင့် သီလရှင်ဆရာကြီးများ ကြွရောက် ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်ဇနီးတို့နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Don Pramudwinai ၊ ကောင်စီအတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့်ဇနီး၊ တွဲဖက်အတွင်း ရေးမှူးဒုတိယ ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့်ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ် များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ သာသနာနုဂ္ဂဟဘွဲ့ တံဆိပ်ရ လူပုဂ္ဂိုလ်များ တက်ရောက် ကြည်ညိုကြသည်။

အခမ်းအနားကို “နမော တဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းက အခမ်းအနား ဖွင့်စာတမ်းကိုဖတ်ကြားလျှောက်ထားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် ဇနီး၊ ဧည့်ပရိသတ်များက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ မြင်းခြံ ဆရာတော်ကြီးထံမှ  ငါးပါးသီလခံယူဆောက်တည်ကြသည်။

ယင်းနောက် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တ သိရိန္ဒ မဟာထေရ်က သမ္မောဒနီယ ဩဝါဒကထာကို မြွက်ကြားချီးမြှင့်တော်မူပြီး သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက သာသနာရေးဆိုင် ရာများကို လျှောက်ထားသည်။

ထို့နောက် ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က  အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ ဖြစ်ကြသည့် သီရိလင်္ကာနိုင်ငံမှဆရာတော် Most Venerable Prof. Kumburugamuwe ၊ ထိုင်းနိုင်ငံမှဆရာတော် Somdet Phramahathirachan နှင့် မဟာစည်ဆရာတော်ကြီး ဘဒ္ဒန္တ သောဘန (ကိုယ်စား) ရန်ကုန်တိုင်းဒေသကြီး ၊ ဗဟန်းမြို့နယ်၊ ရွှေမင်းဝံ သာသ နာ့ရိပ်သာဆရာတော် အဂ္ဂမဟာကမ္မဋ္ဌာနာ စရိယ ဘဒ္ဒန္တ သောဘန တို့ထံဘွဲ့တံဆိပ် တော်များနှင့် အဆောင် အယောင်များကို ဆက်ကပ်ပူဇော်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ဆရာတော် ကြီးများဖြစ်ကြသည့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ နဂါးကျောင်း စာသင်တိုက် ဆရာတော် ဘဒ္ဒန္တ စက္ကိန္ဒာဘိဝံသနှင့် မိုးကုတ်ဆရာတော်ကြီး ဘဒ္ဒန္တ ဝိမလ (ကိုယ်စား) ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏသိင်္ဂီ မိုးကုတ် ဝိပဿနာဓမ္မရိပ် သာဆရာတော် အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တကစ္စာယန တို့ထံ ဘွဲ့တံဆိပ် တော်များနှင့် အဆောင်အယောင်များကို ဆက်ကပ်ပူဇော်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ် ကြီးအောင်လင်းဒွေးက  အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ပဲခူးတိုင်း ဒေသကြီး သာသနာ့မဏ္ဍိုင် ပါဠိတက္ကသိုလ်စာသင်တိုက်ဆရာတော် ဘဒ္ဒန္တ သိရိန္ဒ ထံလည်း ကောင်း၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးက အဘိဓဇအဂ္ဂမဟာ သဓ္ဓမဇောတိက ဘွဲ့တံဆိပ်တော်ရ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ရွှေတောင်ပါဠိတက္ကသိုလ် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တတေဇနိယ ထံလည်းကောင်း ဘွဲ့တံဆိပ်တော်နှင့် အဆောင် အယောင်များကို ဆက်ကပ်ပူဇော်ကြသည်။

ဆက်လက်၍ ကောင်စီဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊  ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူ များက တိပိဋကဓရ ဘဏ္ဍာဂါရိက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက၊ အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊  အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ဘွဲ့ရရှိသည့် ဆရာတော်ကြီးများထံ ဘွဲ့တံဆိပ် တော်နှင့် နှင့် အဆောင်အယောင်များကို ဆက်ကပ်ပူဇော်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ၏ဇနီးက အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ အောင်မြေသာစံမြို့နယ်၊ ဓမ္မ ဝိဟာရီ သီလရှင်စာသင်တိုက် သီလရှင်ဆရာကြီး ဒေါ်ခေမာစာရီနှင့် မိုးကောင်း မြို့ ထေရဝါဒ ဗုဒ္ဓသာသနာပြု စန္ဒာရာမသီလရှင်စာသင်တိုက် သီလရှင်ဆရာကြီး ဒေါ်ယုစန္ဒာတို့ထံ လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်၏ ဇနီးက အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတဘွဲ့တံဆိပ်တော်ရ မကွေးမြို့၊ ခေမာသိရီ သီလရှင်စာသင်တိုက် သီလရှင်ဆရာကြီး ဒေါ်နန္ဒမာလာ ထံလည်း ကောင်း ဘွဲ့တံဆိပ်တော်နှင့်အဆောင်အယောင်များ ဆက်ကပ်ပူဇော်ကြသည်။

ဆက်လက်၍ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်များကို ချီးမြှင့်အပ်နှင်းရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဂ္ဂမဟာသီရိသုဓမ္မ မဏိ ဇောတဓရ ဘွဲ့ရရှိသူများဖြစ်ကြသည့် ဦးအောင်တိုး၊ ဒေါက်တာခင်မောင်ထွန်း၊ ဦဇော်ဝင်းနှင့် ဦးမောင်မောင် တို့ကိုဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များကို ချီးမြှင့်အပ်နှင်းသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် က သီရိသုဓမ္မမဏိဇောတဓရ ဘွဲ့ရရှိသူများဖြစ်ကြသည့် ဦးရဲထွန်း(ခ) ဦးရဲတင်ထွဋ်၊ ဦးလှအေး(ခ) ဦးအားတီနှင့် ဦးဘေရင်နယ်(ခ) ဦးခင်မောင်လွင်တို့ကို ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များကို ချီးမြှင့်အပ်နှင်းသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးက အဂ္ဂမဟာသီရိ သုဓမ္မသိင်္ဂီဘွဲ့ ရရှိကြသည့် ဒေါ်သန်းသန်းနွဲ့၊ ဒေါ်မြသိန်း၊ ဒေါ်သင်းသင်းနှင့် သီရိသုဓမ္မသိင်္ဂီဘွဲ့ရရှိသည့် ဒေါ်နန်းမြင့်မြင့်ဝင်း တို့ကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်၏ ဇနီးက သီရိ သုဓမ္မသိင်္ဂီဘွဲ့ ရရှိကြသည့် ဒေါ်ခင်မာချို နှင့် ဒေါ်အေးမြလွင် တို့ကိုလည်းကောင်း ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များကို ချီးမြှင့်အပ်နှင်းသည်။

ယင်းနောက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ကျောက်မဲမြို့၊ သီဟိုဠ်ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်ကြီးထံမှ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ ဧည့်ပရိသတ်များက အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြကာ “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ၂၀၂၃ ခုနှစ်တွင် ပြည်တွင်း/ပြည်ပ ဆရာတော်၊ သံဃာတော်  ၄၀၃ ပါး၊ သီလရှင်ဆရာကြီး ၃၈ ပါးနှင့် လူပုဂ္ဂိုလ် ၄၂ ဦးတို့ကို သာသာနာတော် ဆိုင်ရာဘွဲ့တံဆိပ်များ ဆက်ကပ်လှူဒါန်းချီးမြှင့်ခဲ့ပြီး ယနေ့ ကျင်းပသည့် ၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ပွဲ အခမ်းအနားတွင် အဘိဓဇ မဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၁၅ ပါး၊   အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၁၂ ပါး၊ တိပိဋကဓရ ဓမ္မဘဏ္ဍာ ဂါရိက ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၁ ပါး၊ အဂ္ဂ မဟာပဏ္ဍိတဘွဲ့ တံဆိပ်တော်ရဆရာတော်ကြီးအပါး ၃၀၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၅၂ ပါး၊ အဂ္ဂမဟာဂန္ထ ဝါစက ပဏ္ဍိတ ဘွဲ့တံဆိပ် တော်ရ ဆရာတော်ကြီး ၂၅ ပါး၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၁၃ ပါးနှင့် အဂ္ဂမဟာဂန္ထ ဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ သီလရှင် ဆရာကြီး ၃ ပါးတို့အား ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်ပူဇော်ခဲ့ပြီး သာသနာနုဂ္ဂဟဘွဲ့တံ ဆိပ်ရရှိကြသည့် လူပုဂ္ဂိုလ် ၁၄ ဦးတို့ကို ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များကို ချီးမြှင့် အပ်နှင်းခဲ့သည်။ ကျန်ရှိသည့် ဘွဲ့ခံဆရာတော်ကြီး များ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်များကိုလည်း သက်ဆိုင်ရာ နေပြည်တော် ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများ က အသီးသီး ဆက်ကပ်ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်သည် ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ်နှင့်ဇနီး၊ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး၊ ကောင်စီ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးများနှင့်အတူ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်းရှိ ပြတိုက်၊ ပိဋကတ်တိုက်၊ မော်ကွန်းတိုက်တော် အတွင်းရှိ ဧည့်ခန်းမ၌ ထိုင်းနိုင်ငံမှ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ဆရာတော် Somdet Phramahathirachan အားဖူး မြော်ကြည်ညို၍ သာသနာတော်ဆိုင်ရာများကို လျှောက်ထားပြီး ဆရာတော် ကြီးထံမှ ဩဝါဒခံယူသည်။

ယင်းနောက် ဆရာတော်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ဗုဒ္ဓဆင်းတုတော်များကို ဓမ္မလက်ဆောင် အဖြစ်ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ဆက်လက်ပြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျင်းပရာ  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ တို့နှင့်အတူ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်း နှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက် အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ အလှူရှင်များက ၂၀၂၃ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ကော်ရော်အပူဇော်ခံတော်မူခဲ့ ကြသည့် ပြည်တွင်း၊ ပြည်ပဆရာတော်၊ သံဃာတော်များ နှင့် ဘွဲ့ခံသီလရှင်ဆရာကြီး များအား ဥပ္ပါတသန္တိ စေတီတော် ပရိဝုဏ်အတွင်း စေတီတော်ပတ်လမ်းရှိ သက်ဆိုင် ရာမဏ္ဍပ်များမှ ဆွမ်းဆန်စိမ်းနှင့်လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လောင်းလှူခဲ့ကြ ကြောင်း သတင်းရရှိသည်။