(၇၉)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျိုင်းတုံမြို့နယ်၊ နောင်ငင်း- ဝမ်ဆိုင်း(လွယ်)ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်

(၇၉)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျိုင်းတုံမြို့နယ်၊ နောင်ငင်း- ဝမ်ဆိုင်း(လွယ်)ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်

နေပြည်တော်၊ ၂၀၂၄ မတ် - ၂၆

        (၇၉)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(အရှေ့ ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ နောင်ငင်း- ဝမ်ဆိုင်း(လွယ်)ကျေးရွာချင်းဆက် ကွန်ကရစ်လမ်း သစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ လမ်း၌ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့များ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

        ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ကွန်ကရစ်လမ်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဒေသခံပြည်သူတစ်ဦးက နောင်ငင်း- ဝမ်ဆိုင်း(လွယ်)ကျေးရွာချင်းဆက် ကွန်ကရစ်လမ်း ဆောင်ရွက်ပေးမှုနှင့် ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားသည်။ ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက အရှည် ၈ မိုင်၊ ၃ ဖာလုံ၊ အကျယ် ၁၂ ပေနှင့် ထု ၇ လက်မရှိသော ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လမ်းဖောက်လုပ် ထားရှိမှု အခြေအနေများအား ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။