Adidas ၏ ဂျာစီထုတ်လုပ်မှုနှောင့်နှေးနေခြင်းကြောင့် စီရော်နယ်ဒိုအမည်နှင့် နံပါတ်ပါ မန်ယူအသင်းဂျာစီကို ပရိသတ်များ ဝယ်ယူရန် အခက်တွေ့နေ

မန်ချက်စတာ၊ ဘောလုံး

Adidas ကုမ္ပဏီ၏ ဂျာစီထုတ်လုပ်မှုနှောင့် နှေးနေခြင်းကြောင့် မန်ယူအသင်းပရိသတ်များအနေ ဖြင့် စီရော်နယ်ဒိုအမည်နှင့် နံပါတ်ပါ ဂျာစီများကို ဝယ်ယူရန် အခက်တွေ့နေကြောင်း သိရသည်။

မန်ယူအသင်းသို့ စီရော်နယ်ဒိုပြန်လည်ပြောင်းရွှေ့ လာပြီးနောက် မန်ယူအသင်း၏ ဂျာစီရောင်းချရမှုမှာ သိသိသာသာမြင့်တက် လာပြီး  စီရော်နယ်ဒိုအနေ ဖြင့်  ကျောနံပါတ်(၇)ဝတ်ဆင်ကစားမည်ဖြစ်ကြောင်း  မန်ယူအသင်းကကြေညာခဲ့ပြီးနောက်ပိုင်း ပရိသတ် များက  ကျောနံပါတ်  (၇)ပါ   မန်ယူအသင်းဂျာစီ ဝယ်ယူရန်  မှာယူထားကြသော်လည်း  လက်ရှိတွင် Adidas ကုမ္ပဏီ၏  ဂျာစီထုတ် လုပ်မှုနှောင့်နှေးနေ ခြင်းကြောင့် အခက်တွေ့နေရခြင်းဖြစ်သည်။

Adidas ကုမ္ပဏီက ၎င်းတို့ထုတ်လုပ်သည့် မန်ယူ အသင်းဂျာစီ  ၂၈ ရာခိုင်နှုန်းကို  ဗီယက်နမ်နိုင်ငံရှိ စက်ရုံမှ   ထုတ်လုပ်နေခြင်းဖြစ်ပြီး   လက်ရှိတွင်  ကိုဗစ်-၁၉ ရောဂါကြောင့်  ဗီယက်နမ်နိုင်ငံရှိစက်ရုံမှ မန်ယူအသင်းဂျာစီကို အလုံအလောက်မထုတ်လုပ်နိုင်သဖြင့် မန်ယူ အသင်းပရိသတ်များအနေဖြင့် စီရော်နယ်ဒို အမည်နှင့်  နံပါတ်ပါ  ဂျာစီများဝယ်ယူရန် စောင့်ဆိုင်းနေရခြင်းဖြစ်သည်။

စီရော်နယ်ဒိုအနေဖြင့် လက်ရှိတွင် ပေါ်တူဂီအသင်း နှင့်ပူးပေါင်းနေသော်လည်း တစ်ပွဲပယ်ပြစ်ဒဏ်ကြောင့် လာမည့်ပွဲစဉ်တွင်   ပါဝင်ခွင့်မရရှိတော့သည့်အတွက် ပေါ်တူဂီအသင်းကလည်း မန်ယူအသင်းနှင့် စောစီးစွာ ပူးပေါင်းနိုင်ရန် ခွင့်ပြုပေးခဲ့သောကြောင့် စီရော်နယ်ဒို အနေဖြင့်   မကြာမီ အင်္ဂလန်နိုင်ငံသို့လာရောက်၍  မန်ယူအသင်းနှင့်   စောစီးစွာပူးပေါင်းမည်ဖြစ်သည်။

မန်ယူအသင်းအနေဖြင့် စက်တင်ဘာ ၁၁ ရက် တွင်  နယူးကာဆယ်အသင်းနှင့်ကစားရမည်ဖြစ်ပြီး အဆိုပါပွဲစဉ်တွင်  စီရော်နယ်ဒို  စတင်ပါဝင်လာနိုင် ဖွယ်ရှိသည့်အတွက် ပရိသတ်များက စီရော်နယ်ဒို အမည်နှင့် နံပါတ်ပါမန်ယူအသင်းဂျာစီများကို အပြိုင် အဆိုင် ဝယ်ယူနေကြခြင်းဖြစ်ကြောင်း သိရသည်။

Ref;90Min