ASUS နဲ့ပေါင်းပြီး ကိုယ်ပိုင်ဖုန်းထုတ်တဲ့ Qualcomm

Qualcomm ဆိုတာ  ယနေ့နာမည်ကျော်စမတ်ဖုန်း အများစုအတွက် လိုအပ်တဲ့ Chipset  တွေကို  ပင်တိုင်ထုတ်လုပ်ပေး

တဲ့ကုမ္ပဏီပါ။ အခုတော့ အဲဒီကုမ္ပဏီက ASUS နဲ့ပူးပေါင်းပြီး   ဂိမ်းသမားတွေ အကြိုက်တွေ့မယ့် ဖုန်းတစ်လုံးကို ကိုယ်ပိုင်ထုတ်လုပ်လိုက်ပါပြီ။

Qualcomm ဟာ ဒီဇင်ဘာ ၁ ရက်နဲ့ ၂ ရက်မှာ   Snapdragon  ပွဲကိုလုပ်ဖို့ စီစဉ်ထားပါတယ်။  အဲဒီပွဲမှာ သူတို့ရဲ့ မျိုးဆက်သစ် Chipset ဖြစ်တဲ့ Snap-dragon 875 ကို ထုတ်ဖော်ပြသသွားမှာပါ။

တစ်ချိန်တည်းမှာပဲ ASUS  နဲ့ ပေါင်းပြီးထုတ်လုပ်ထားတဲ့ ဂိမ်းသမားတွေအကြိုက်ဖုန်းကိုလည်း ထုတ်ဖော်ပြသ နိုင်ဖွယ်ရှိတယ်လို့ Digit Times သတင်းဌာနက ဖော်ပြထားပါတယ်။

ဂိမ်းသမားတွေအတွက် ဖြစ်တာကြောင့် အဲဒီဖုန်းရဲ့  refresh လုပ်မှုနှုန်းဟာ အမြင့်ဆုံးရှိပါမယ်။ မြန်မြန်ဆန်ဆန် အေးပါမယ်။ ဘက်ထရီစွမ်းအင် ကြီးမားပါမယ်။ ကွန်ထရိုးခလုတ်တွေကို စိတ်ကြိုက်ထားနိုင်ပါမယ်။

ဒါကြောင့် Chipset  တွေကိုသာ အဓိကထုတ်လုပ်နေတဲ့   Qualcomm  ဟာ နောင်တစ်ချိန်မှာ ဖုန်းထုတ်လုပ်သူ အဖြစ်ကို ပြောင်းလာမလားဆိုတာ အားလုံးက စိတ်ဝင်စားနေကြပါတယ်။        

နွေဦး