COVID-19  ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အထောက်အကူဖြစ်စေရန် ဆေးရုံသုံးပစ္စည်းများ လှူဒါန်း၊ အာဟာရဖြည့် စားသောက်ဖွယ်ရာများပေးအပ်

COVID-19  ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အထောက်အကူဖြစ်စေရန် ဆေးရုံသုံးပစ္စည်းများ လှူဒါန်း၊ အာဟာရဖြည့် စားသောက်ဖွယ်ရာများပေးအပ်

နေပြည်တော်၊ ဇူလိုင် - ၂၃
        
ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကျန်းမာရေးဌာနခွဲများ၌ ကာကွယ် ကုသရေးများတွင် အဆင်ပြေချောမွေ့စေရေးအတွက် တပ်မတော်က လှူဒါန်းသည့် အထောက် အကူပြုပစ္စည်းများနှင့် ဆေးရုံသုံးပစ္စည်းများကို ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်း ဒေသကြီး၊ ကျိုက်လတ်မြို့၊ မြို့နယ်ပြည်သူ့ဆေးရုံသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်မှ တိုင်းမှူးနှင့် တာဝန်ရှိသူများက သွားရောက်ပေးအပ်လှူဒါန်းခဲ့ကြသည်။
    
ထို့ပြင် ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများ၊ လူနာစောင့်များ၊ ကျန်းမာရေး ဝန်ထမ်းများ အာဟာရပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက်  ယနေ့တွင် နေပြည်တော် ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အထူးကုဆေးရုံကြီး၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင် ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ အမျိုးသမီးနှင့် ကလေးအထူးကု ပြည်သူ့ဆေးရုံကြီး၊ ကလောမြို့ပြည်သူ့ဆေးရုံနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နှင့် တာလေမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်တို့ရှိ အထူးကုဆေးရုံများ၊ မှော်ဘီမြို့နယ်၊ လှည်းကူးမြို့နယ်နှင့် ကျောက်တန်းမြို့နယ်တို့ရှိ ပြည်သူ့ဆေးရုံများ၊ ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့၊ မြို့နယ်ပြည်သူ့ဆေးရုံနှင့် မြန်အောင်မြို့၊ ကနောင်တိုက်နယ်ဆေးရုံ၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပြည်သူ့ဆေးရုံကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့ပြည်သူ့ဆေးရုံ၊ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်ပြည်သူ့ဆေးရုံ၊ မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်ပြည်သူ့ဆေးရုံနှင့် စကုတိုက်နယ်ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးတို့၌ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးနှင့် တာဝန်ရှိသူများက သွားရောက်၍ ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ကုလားပဲ၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ အိုဗာတင်း၊ ရွှေဖီဦး လဖက်ရည်ထုပ်၊ နို့ဆီ၊ သကြား၊ ကော်ဖီမစ်(စ်)၊ တီးမစ်(စ်) စသည့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို  ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်း ရရှိသည်။