COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အထောက်အကူဖြစ်စေရန် ဆေးရုံသုံးပစ္စည်းများ လှူဒါန်း၊ အဟာရဖြည့် စားသောက်ဖွယ်ရာများပေးအပ်

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အထောက်အကူဖြစ်စေရန် ဆေးရုံသုံးပစ္စည်းများ လှူဒါန်း၊ အဟာရဖြည့် စားသောက်ဖွယ်ရာများပေးအပ်

နေပြည်တော်၊ ဇူလိုင် - ၂၆
        
ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကျန်းမာရေးဌာနခွဲများ၌ ကာကွယ် ကုသရေးများတွင် အဆင်ပြေချောမွေ့စေရေးအတွက် တပ်မတော်က လှူဒါန်းသည့် အထောက် အကူပြုပစ္စည်းများနှင့် ဆေးရုံသုံးပစ္စည်းများကို ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၊ တရုတ်မှော်ကျေးရွာ တိုက်နယ်ဆေးရုံသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ပေးအပ်လှူဒါန်းခဲ့ကြသည်။
    
ထို့ပြင် ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများ၊ လူနာစောင့်များ၊ ကျန်းမာရေး ဝန်ထမ်းများ အာဟာရပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက်  ယနေ့တွင် ကချင်ပြည်နယ်၊ ပူတာအိုမြို့၊ ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့၊ ရွာငံမြို့နှင့် ခိုလမ်မြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ ဘော်ဆိုင်းတိုက်နယ်ဆေးရုံ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံမြို့၊ ပြည်သူ့ဆေးရုံ၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ ပြည်သူ့ဆေးရုံ၊ ရန်ကုန်တိုင်း ဒေသကြီး၊ ရန်ကင်းမြို့နယ်၊ ရန်ကင်းကလေးဆေးရုံ၊ မင်္ဂလာဒုံမြို့ နယ်၊ အထူးကုဆေးရုံမင်္ဂလာဒုံ၊ မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်းတိုက်နယ်ဆေးရုံ၊ လှည်းကူးမြို့နယ်၊ မရမ်းချောင်းတိုက်နယ် ဆေးရုံနှင့် တိုက်ကြီးမြို့နယ်၊ အိုက်ကလောင်တိုက်နယ်ဆေးရုံ၊ ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ငရုတ်ကောင်းတိုက်နယ်ဆေးရုံ၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ပြည်သူ့ဆေးရုံ၊ ချင်းပြည်နယ်၊ တွန်းဇံမြို့၊ ပြည်သူ့ဆေးရုံ၊ မန္တလေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ပြည်သူ့ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့၊ တောင်လည်ကျေးရွာ  တိုက်နယ်ဆေးရုံများ၌ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်၍ ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ကုလားပဲ၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ အိုဗာတင်း၊ ရွှေဖီဦး လဖက်ရည်ထုပ်၊ နို့ဆီ၊ သကြား၊ ကော်ဖီမစ်(စ်)၊ တီးမစ်(စ်)စသည့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို  ပေးအပ်လှူဒါန်းခဲ့ကြ ကြောင်း သတင်းရရှိသည်။