COVID-19 ရောဂါကာလအတွင်း မိသားစုအပိုဝင်ငွေ ရရှိစေရေး ပင်ထောင်ခရမ်းချဉ် တစ်နိုင်တစ်ပိုင် စိုက်ပျိုးသူများလာ

COVID-19 ရောဂါကာလအတွင်း   စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်၌ မိသားစု အပိုဝင်ငွေရရှိစေရေး ပင်ထောင်ခရမ်းချဉ်များ တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသူ  များလာကြောင်း သိရသည်။

အဆိုပါဒေသ၌  ပင်ထောင်ခရမ်းချဉ် စိုက်ပျိုးသူများသည်  နှစ်စဉ် ခရမ်းချဉ်သီးများ ခူးဆွတ်ချိန်မှစ၍ နေ့စဉ်ရောင်းချရသဖြင့်  မိသားစု စားဝတ်နေရေးအတွက် အပိုဝင်ငွေ ရရှိသောကြောင့်   ယခုကဲ့သို့ ပင်ထောင်ခရမ်းချဉ်များ တစ်နိုင်တစ်ပိုင် စိုက်ပျိုးသူများလာခြင်းဖြစ်သည်။

နိုင်ငံတစ်ဝန်း၌ ခရမ်းချဉ်များကို မိုးဦးကာလနှင့် မိုးနှောင်းကာလတို့တွင် စိုက်ပျိုးလေ့ရှိပြီး မိုးဦးကာလတွင် စိုက်ပျိုးသော ခရမ်းချဉ်များသည် မိုးရွာသွန်းမှု များပါက အပျက်အစီး များတတ်ကြောင်း၊ မိုးနှောင်းကာလတွင်  စိုက်ပျိုးသော  ခရမ်းချဉ်များသည်    ထိခိုက်ပျက်စီးမှု နည်းပါးလေ့ရှိကြောင်း သိရသည်။