COVID-19 ရောဂါကုသရေးတွင် အထောက်အကူပြုစေရန်အတွက် တပ်မတော်က အောက်ဆီဂျင်အိုးများ လှူဒါန်း

COVID-19 ရောဂါကုသရေးတွင် အထောက်အကူပြုစေရန်အတွက် တပ်မတော်က အောက်ဆီဂျင်အိုးများ လှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၁၃

COVID-19 ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများကို ကုသရေးလုပ်ငန်း များ ဆောင်ရွက်ရာတွင် အောက်ဆီဂျင်လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော်အနေဖြင့် အောက်ဆီဂျင်အိုးများကို ဆေးရုံများနှင့် COVID-19 ရောဂါကုသရေးဌာနများအရောက် သွားရောက်လှူ ဒါန်းလျက်ရှိသည်။
    
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လသာ မြို့နယ်ရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အောက်ဆီဂျင်အိုးအလုံး ၆၀ ကို ရန်ကုန် တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများက လည်းကောင်း၊ မန္တလေးမြို့ရှိ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ အောက်ဆီဂျင်အိုး ၂၀ လုံးကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများက လည်းကောင်း တပ်မတော် Oxygen Plan များမှ အောက်ဆီဂျင်များဖြည့်သွင်းပြီး တပ်မတော် မော်တော်ယာဉ်များဖြင့် သွားရောက်ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။