COVID-19 ရောဂါကုသရေးတွင် အထောက်အကူပြုစေရန်အတွက် တပ်မတော်က အောက်ဆီဂျင်အိုးများ လှူဒါန်း

COVID-19 ရောဂါကုသရေးတွင် အထောက်အကူပြုစေရန်အတွက် တပ်မတော်က အောက်ဆီဂျင်အိုးများ လှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၁၄

COVID-19 ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများကို ကုသရေးလုပ်ငန်း များ ဆောင်ရွက်ရာတွင် အောက်ဆီဂျင်လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော်အနေဖြင့် အောက်ဆီဂျင်အိုးများကို ဆေးရုံများနှင့် COVID-19 ရောဂါကုသရေးဌာနများအရောက် သွားရောက်လှူ ဒါန်းလျက်ရှိသည်။

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ပညာရေးဒီဂရီကောလိပ်၌ ဖွင့်လှစ်ထားရှိသည့် Quarantine Center သို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများက Oxygen အိုး ၁၀၀ လုံးကို တပ်မတော် Oxygen Plan များမှ အောက်ဆီဂျင် များဖြည့်သွင်းပြီး တပ်မတော်မော်တော်ယာဉ်များဖြင့် သွားရောက်ပေးအပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။