COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များ၌ ပါဝင်လှူဒါန်းမှုများ ပြုလုပ်နိုင်ကြောင်းကြေညာချက်

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များ၌ ပါဝင်လှူဒါန်းမှုများ ပြုလုပ်နိုင်ကြောင်းကြေညာချက်

ယခုအခါ မိမိတို့နိုင်ငံအတွင်း COVID-19 တတိယလှိုင်းဖြစ်ပေါ်လျက်ရှိပြီး ကူးစက်မှုနှုန်း မြင့်တက်လာသည့်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့တို့ပူးပေါင်း၍ နိုင်ငံတစ်ဝှမ်း COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဆေးရုံများ၊ ဆေးခန်းများ၊ Quarantine Center များ၊ Community COVID Positive Centre များ ဖွင့်လှစ်၍ အားသွန် ခွန်စိုက်ကြိုးပမ်း ဆောင်ရွက် လျက်ရှိပါသည်။

ထိုသို့ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများပြုလုပ်ရာ တွင်လိုအပ်သည့် ရောဂါကာကွယ်ရေးပစ္စည်းများ၊ ဆေးဝါးများ၊ အသုံးအဆောင် ပစ္စည်းများ၊ စားသောက်ဖွယ်ရာများ၊ အခြားအထောက်အကူပြုပစ္စည်းများနှင့် အလှူငွေ များအား သက်ဆိုင်ရာ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် ဆေးရုံ၊ ဆေးခန်း၊ Quarantine Center များနှင့် Community COVID Positive Centre များနှင့် သက်ဆိုင်ရာနေရာများသို့ တိုက်ရိုက်ပေးပို့ လှူဒါန်းနိုင် ကြောင်းအသိပေး နှိုးဆော်အပ်ပါသည်။

Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ