COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီး၌ ဆက်လက်ဆောင်ရွက်၊ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး ဆက်ကပ်လှူဒါန်း

COVID-19   ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီး၌  ဆက်လက်ဆောင်ရွက်၊ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၂၅
    
COVID-19  ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်သည့် ကာလအတွင်း သွားလာမှုကန့်သတ်ချက်များကြောင့် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ  ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင်သီလရှင်ကျောင်းများ၌ ဆွမ်း၊ ကွမ်းအဆင်ပြေ စေရန်အတွက် တပ်မတော်(ကြည်း၊ရေ၊လေ)အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် စားသောက်ဖွယ်ရာများ၊ လှူဖွယ်ပစ္စည်းများကို ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်ကျေးရွာ၊ အမှတ်(၃)ရပ်ကွက်ရှိ မြို့မကျောင်းတိုက်နှင့် ဆင်ဖြူရှင်ရပ်ကွက်ရှိ အေးမေတ္တာစံပရဟိတ္တတောင်နီလေးကျောင်းတိုက်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကြခတ်ချောင်းကျေးရွာ၊ ရွာလယ်ကျောင်းတိုက်၊  ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့၊ ရန်ကင်းတောင်ကျောင်းတိုက်နှင့် ဇေယျဝံသကျောင်းတိုက်၊ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ ရွာမဘုန်းတော်ကြီးကျောင်းတိုက်နှင့် တောင်ကုတ်မြို့၊ အာလိန်ငါးဆင့် ဘုန်းတော်ကြီးကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ဖောင်ကူးကျေးရွာ၊ အေးငြိမ်းစံကျောင်းတိုက်၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ မေဃဝတီစာသင်တိုက်နှင့် ကျောက်ကြီးမြို့နယ်၊ တုံးတောကျေးရွာ၊ ဓမ္မရက္ခိတဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
    
ထို့အပြင် COVID-19  ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအထောက်အကူဖြစ် စေရန်အတွက်  တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးတွင် ဆေးအဖွဲ့များဖြင့် ကျန်းမာရေးစစ်ဆေး ပေးခြင်းများအပါအဝင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ကာကွယ်ရေး အထောက်အကူပြုဆေးပစ္စည်းများ ဖြန့်ဝေပေးခြင်းကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
    
ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့၊ အောင်ပန်းမြို့၊ ဟဲဟိုးမြို့၊ တီကျစ်မြို့၊ ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်မြို့နယ်၊ ဖယ်ခုံမြို့နယ်၊ ရပ်စောက်မြို့နယ်၊ ပင်လောင်းမြို့နယ်၊ ခိုလမ်မြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဘောလခဲမြို့၊ ဖားဆောင်းမြို့နှင့် ဒီးမော့ဆိုမြို့၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နှင့် တောင်ကုတ်မြို့၊  စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နှင့် ကျောက်ကြီးမြို့နယ်တို့၌ တပ်မတော်မှ ဆေးအဖွဲ့များက ထေရ်ကြီးဝါကြီး ဆရာတော် ကြီးများ၊ သံဃာတော်များ၊ ရှင်သာမဏေများ၊ သာသနာနွယ်ဝင် သီလရှင်များ၊ အခြားဘာသာရေး ခေါင်းဆောင်များနှင့် ဘာသာရေးအဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်း များနှင့် မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ပြည်သူ့စစ် အဖွဲ့ဝင်များ၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၊ မသန်စွမ်းသူများ၊ မိဘမဲ့ကျောင်းများမှ ကလေး ငယ်များ၊ ပရဟိတစေတနာ့ဝန်ထမ်းများ၊ ဘိုးဘွားရိပ်သာမှ အဘိုးအဘွားများနှင့် ဒေသခံ ပြည်သူများကို COVID-19  ရောဂါနှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ စနစ်တကျ လက်ဆေးနည်းနှင့် Face Mask အသုံးပြုနည်းတို့ကို သရုပ်ပြသခြင်း၊ လက်ကမ်းစာစောင်များ၊ စားသောက် ဖွယ်ရာများ၊ ရေမလိုလက်သန့်ဆေးရည်များ၊ Mask  များ၊ ဆေးပစ္စည်းနှင့် ဆေးဝါးများ ဖြန့်ဝေပေးခြင်း၊ အသံချဲ့စက်ဖြင့် ကျန်းမာရေးအသိပညာပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။