COVID-19 ရောဂါ ဖြစ်ပွားမှုကြောင့် ဒေသခံတောင်သူများရောင်းချရန် အခက်အခဲ ဖြစ်ပေါ်လျက်ရှိသည့် ရာသီသီးနှံများအား တပ်မတော်က ဆက်လက်ဝယ်ယူ

နေပြည်တော်၊ မေ - ၁၅

ကမ္ဘာ့ကပ်ရောဂါ COVID-19 ရောဂါ ဖြစ်ပွားမှုကြောင့် သွားလာမှုများ ရပ်ဆိုင်းကာ သီးနှံများ ဝယ်ယူသူနည်းပါးပြီး ဒေသခံတောင်သူများ အနေဖြင့် ရောင်းချရန် အခက်အခဲဖြစ်ပေါ်လျက်ရှိကာ သီးနှံများ ပျက်ဆီးဆုံးရှုံး နိုင်သည့်အခြေအနေများ ဖြစ်ပေါ်နေသောကြောင့် နယ်မြေခံ တပ်မတော်သားများက စိုက်ခင်းများသို့ သွားရောက်၍ ဒေသခံတောင်သူများ ရောင်းချပေးနိုင်သည့် ဈေးနှုန်းဖြင့် ရာသီ သီးနှံ များအား ဝယ်ယူပေးလျက်ရှိသည်။

ယနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်အတွင်းရှိ  ကျေးရွာများမှ ဒေသခံတောင်သူများ၏ စိုက်ခင်းများသို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက သွားရောက်၍ ဒေသခံတောင်သူများ ရောင်းချပေးနိုင် သည့်ဈေးနှုန်းဖြင့် ကြက်သွန်နီ ၃၀၇၅၅ ပိဿာကို ဝယ်ယူပေးခဲ့ပြီး ဒေသခံတောင် သူများ၏ အခက်အခဲများအပေါ်မူတည်၍ သီးနှံများကို ဆက်လက်ဝယ်ယူ ပေး သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။