COVID-19 ရောဂါ ဖြစ်ပွားမှုကြောင့် ဒေသခံတောင်သူများရောင်းချရန် အခက်အခဲ ဖြစ်ပေါ်လျက်ရှိသည့် ရာသီသီးနှံများအား တပ်မတော်က ဆက်လက်ဝယ်ယူ

နေပြည်တော်၊ မေ - ၁၇
ကမ္ဘာ့ကပ်ရောဂါ COVID-19 ရောဂါ ဖြစ်ပွားမှုကြောင့် သွားလာမှုများ ရပ်ဆိုင်းကာ သီးနှံများဝယ်ယူသူနည်းပါးပြီး ဒေသခံတောင်သူများအနေဖြင့် ရောင်းချရန်အခက်အခဲဖြစ်ပေါ်လျက်ရှိကာ သီးနှံများပျက်ဆီးဆုံးရှုံး နိုင်သည့်အခြေ အနေများ ဖြစ်ပေါ်နေသောကြောင့် နယ်မြေခံတပ်မတော်သားများက စိုက်ခင်းများသို့ သွားရောက်၍ ဒေသခံတောင်သူများရောင်းချပေးနိုင်သည့် ဈေးနှုန်းဖြင့် ရာသီ သီးနှံ များအား ဝယ်ယူပေးလျက်ရှိသည်။
ယနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံတောင်သူများ၏ စိုက်ခင်းများသို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက သွားရောက်၍ ကြက်သွန်နီ ၂၆၀၀၀ ပိဿာကို ဒေသခ ံတောင်သူများ ရောင်းချပေးနိုင်သည့်ဈေးနှုန်းဖြင့် ဝယ်ယူပေးခဲ့ပြီး ဒေသခံတောင် သူများ၏ အခက်အခဲများအပေါ်မူတည်၍ သီးနှံများကို ဆက်လက်ဝယ်ယူပေး သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။