IFFHS က ၂၀၂၁ ခုနှစ်အတွက် ထုတ်ပြန်သည့် နေရာအလိုက် တစ်နှစ်တာ အကောင်းဆုံး ကစားသမား ၁၁ ဦးစာရင်းတွင် လီဗာပူးအသင်းမှ ဆာလက်ချ် ချန်လှပ်ခံရ

ဂျာမနီနိုင်ငံ  လိုက်ပဇစ်မြို့အခြေစိုက်   ကမ္ဘာ့ ထိပ်တန်း    နိုင်ငံတကာဘောလုံးသမိုင်းနှင့်စာရင်း ကောက်ခံရေးအဖွဲ့အစည်း(IFFHS)က ၂၀၂၁ ခုနှစ် အတွက် နေရာအလိုက် တစ်နှစ်တာ အကောင်းဆုံး ကစားသမား ၁၁ ဦးစာရင်း (အကောင်းဆုံးအသင်း)ကို  ထုတ်ပြန်ကြေညာခဲ့ရာ   လီဗာပူးအသင်းနှင့် အကောင်းဆုံး ခြေစွမ်းပြသလျက် ရှိသည့် တိုက်စစ်မှူး ဆာလက်ချ် ချန်လှပ်ခံခဲ့ရကြောင်း သိရသည်။

IFFHS က နှစ်စဉ် နှစ်တစ်နှစ်၏ နောက်ဆုံးလတွင် တစ်နှစ်တာနေရာအလိုက် အကောင်းဆုံးကစားသမား ၁၁ ဦးစာရင်းကို ထုတ်ပြန်ကြေညာလေ့ရှိပြီး    ယခုနှစ်အတွက် ထုတ်ပြန်ခဲ့သည့်စာရင်းတွင် ဆာလက်ချ်အပြင်    ဒေါ့မွန်အသင်းတိုက်စစ်မှူး ဟာလန်းပါ ချန်လှပ်ခံခဲ့ရသည်။

လီဗာပူးအသင်းတိုက်စစ်မှူး  ဆာလက်ချ်သည် ယခုနှစ်အတွင်း လီဗာပူးအသင်းနှင့်အတူ ပြီးခဲ့သည့် ဘောလုံးရာသီက ပရီးမီးယားလိဂ် သွင်းဂိုးအများဆုံး ကစားသမားဆုအတွက် စပါးအသင်းမှ ဟယ်ရီကိန်း ထက် တစ်ဂိုးသာလျော့ခဲ့ပြီး လက်လွှတ်ခဲ့ရကာ ယခုဘောလုံးရာသီတွင် အကောင်းဆုံး ခြေစွမ်းပြသနိုင်ကာ စံချိန်ကောင်းများစွာ ရယူနိုင်ပြီး ငါးရာသီဆက် သွင်းဂိုး ၂၀ နှင့်အထက်  သွင်းယူနိုင်သည့် ကစားသမားအဖြစ် ခြေစွမ်းပြသနိုင်ခဲ့သော်လည်း IFFHS  က  ရွေးချယ်သည့် တစ်နှစ်တာ အကောင်းဆုံးကစားသမားစာရင်းတွင်   ချန်လှပ်ခံခဲ့ရခြင်းဖြစ်သည်။

IFFHSက ၂၀၂၁ ခုနှစ် တစ်နှစ်တာ နေရာအလိုက် အကောင်းဆုံးကစားသမား ၁၁ ဦးစာရင်း ကို ၄-၃-၃ ပုံစံဖြင့်ရွေးချယ်ခဲ့ပြီး ဂိုးသမားနေရာတွင် ပီအက်စ်ဂျီအသင်းမှ ဂိုးသမား ဒွန်နာရမ်မာ၊ ခံစစ် ကစားသမား လေးဦးနေရာတွင် ပီအက်စ်ဂျီအသင်းမှ ဟာကီမီ၊ ဂျူဗင်တပ်စ်အသင်းမှ  ဘိုနူချီ၊  မန်စီးတီး အသင်းမှ   ဒီယက်စ်၊   ဘိုင်ယန်မြူးနစ်အသင်းမှ အဖွန်ဆို ဒေးဗီးလ်၊ မက်ဆီကို ကွင်းလယ်ကစားသမားနေရာတွင်သာ ပါဝင်စေပြီး တခြားကစားသမားနှစ်ဦးနေရာတွင် မန်စီးတီးအသင်းမှ ဒီဘရိုင်းနှင့် ချယ်လ်ဆီးအသင်းမှ    ဂျော်ဂျင်ဟိုတို့ ပါဝင်လာခဲ့သည်။

ထို့နောက်  တိုက်စစ်ကစားသမား သုံးဦးနေရာတွင် နှစ်စဉ်ပါဝင်နေကျဖြစ်သည့်  စီရော်နယ်ဒိုနှင့်အတူ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု   ရွေးချယ်ခဲ့ရာ အဆင့်(၂)နေရာတွင် ရပ်တည်ခဲ့သည့် ဘိုင်ယန်မြူးနစ် အသင်းမှ လီဝန်ဒေါစကီးနှင့် ပီအက်စ်ဂျီအသင်းမှ တိုက်စစ်မှူး အမ်ဘတ်ပီတို့ ပါဝင်လာကြောင်း  သိရသည်။

Ref;IFFHS.Com