KNDO တပ်ရင်း(၆)မှ အကြမ်းဖက်မှုကို လိုလားသည့်အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ကော့ကရိတ်မြို့နယ်၊ ကမ်းနီကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံးအား အကြောင်းမဲ့မီးရှို့ဖျက်ဆီး

KNDO တပ်ရင်း(၆)မှ အကြမ်းဖက်မှုကို လိုလားသည့်အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ကော့ကရိတ်မြို့နယ်၊ ကမ်းနီကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံးအား အကြောင်းမဲ့မီးရှို့ဖျက်ဆီး

နေပြည်တော် ဇန်နဝါရီ  ၂၄

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကမ်းနီကျေးရွာရှိ  ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအား  KNDO   တပ်ရင်း(၆)မှ အကြမ်းဖက်မှုကိုလိုလားသည့်အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ယနေ့နံနက်အစောပိုင်းတွင် အကြောင်းမဲ့လာရောက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ KNDO တပ်ရင်း(၆)မှ အကြမ်းဖက်မှုကိုလိုလားသည့်အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် သမားများသည် ယနေ့နံနက် ၃ နာရီခန့်တွင် ကော့ကရိတ်မြို့နယ်၊ တံတားဦးကျေးရွာဘက်မှ ကမ်းနီကျေးရွာဘက်သို့ မော်တော်ယာဉ် ၂ စီးဖြင့်ရောက်ရှိလာပြီး ကမ်းနီကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအား အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ မီးရှို့ဖျက်ဆီးမှုကြောင့် အလျား ၁၅ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၅ ပေရှိ ရုံးအဆောက်အဦ  မီးလောင်ပျက်စီးခဲ့ကြောင်းနှင့် အဆိုပါကျေးရွာရှိ ဒေသခံပြည်သူများအနေဖြင့် အကြမ်းဖက်အဖွဲ့များ၏ ဥပဒေမဲ့အကျပ်ကိုင်ခြိမ်းခြောက်မှုများနှင့် အကြမ်းဖက်မှု များကြောင့် နီးစပ်ရာဆွေမျိုးများ ရှိရာသို့ ပြောင်းရွှေ့နေထိုင် လျက်ရှိကြောင်း သိရှိရသည်။

အထက်ပါ ဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ  ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။