KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ကယားပြည်နယ်နေ့ အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲအခမ်းအနားပြုလုပ်နေသည့် ပြည်နယ်ခန်းမနေရာသို့ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ ပြည်သူ ၁ ဦးသေဆုံး၊ ကျောင်းသား/သူ ကလေးငယ်များ အပါအဝင် ဒေသခံပြည်သူများ

KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ကယားပြည်နယ်နေ့ အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲအခမ်းအနားပြုလုပ်နေသည့် ပြည်နယ်ခန်းမနေရာသို့ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ ပြည်သူ ၁ ဦးသေဆုံး၊ ကျောင်းသား/သူ ကလေးငယ်များ အပါအဝင် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော်၊ ဇန်နဝါရီ - ၁၅

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမရှေ့၌ (၇၁)နှစ်မြောက် ကယား ပြည်နယ်နေ့အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲအခမ်းအနား ကျင်းပနေစဉ် ယနေ့ နံနက်ပိုင်းက KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် ယုတ်မာ ရက်စက်စွာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ (၇၁)နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲ အခမ်းအနားကို ဒေသခံတိုင်းရင်းသားပြည်သူများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပ နေသည့်နေရာသို့ KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် လွိုင်ကော်မြို့၏ အရှေ့မြောက်ဘက်မီတာ ၄၀၀၀ ခန့်အကွာမှ လက်နက်ကြီးများဖြင့် ယုတ်မာရက်စက်စွာ အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်သဖြင့် အခမ်းအနားကျင်းပရာ ပြည်နယ်ခန်းမအနီးနှင့် လူနေရပ်ကွက်များအတွင်းသို့ လက်နက်ကြီး ကျည်များ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါ လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တချို့နှင့် ကျောင်းသား/သူ ၆ ဦး၊ အပြစ်မဲ့ အရပ်သား ကျား ၁ ဦး၊ မ ၁ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အပြစ်မဲ့အရပ်သား ကျား ၁ ဦး သေဆုံး ခဲ့ကြောင်း သိရှိရပါသည်။
အထက်ပါဖြစ်စဉ်မှ ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လွိုင်ကော်မြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်းနှင့် ယခုကဲ့သို့ စစ်ရေးနှင့် မသက်ဆိုင်သည့် လူစည်ကားရာနေရာသို့ အများပြည်သူများအား အစုလိုက် အပြုံလိုက် သေကျေဒဏ်ရာရရှိစေခြင်းအလို့ငှာ ရည်ရွယ်ချက်ရှိရှိဖြင့် လာရောက် ပစ်ခတ်ခဲ့သည့် အကြမ်းဖက်သမားများ၏ လူမဆန်သည့် အကြမ်းဖက် လုပ်ရပ်များအား ဒေသခံပြည်သူများက ရွံ့ရှာမုန်းတီးလျက်ရှိကြောင်း သတင်းရရှိသည်။