Mobile Covid-19 PCR Unit  စက်များဖြင့် COVID-19 ရောဂါပိုး ရှိ/ မရှိ စစ်ဆေး

Mobile Covid-19 PCR Unit  စက်များဖြင့် COVID-19 ရောဂါပိုး ရှိ/ မရှိ စစ်ဆေး

နေပြည်တော်၊ ဇူလိုင် - ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၊ လောက်ကိုင်မြို့ရှိ ရင်ဖုန်းဆေးရုံနှင့် ချင်းရွှေဟော်မြို့ရှိ မြို့နယ်ခန်းမတို့၌ COVID-19 ရောဂါပိုး ရှိ/ မရှိ စစ်ဆေးနိုင်ရန် Mobile Covid-19 PCR Unit  စက်များတပ်ဆင် ထားရှိရာ ယနေ့တွင် အဆိုပါမြို့များရှိ ဒေသခံပြည်သူ ၁၀၈၀ ဦးကို COVID-19 ရောဂါပိုး ရှိ/ မရှိ စစ်ဆေးပေးခြင်းများ အသီးသီး ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ကွမ်းလုံမြို့အဝင်၌ Mobile Covid-19 PCR Unit  စက်ဖြင့် ခရီးသွား ပြည်သူများကို COVID-19 ရောဂါပိုး ရှိ/ မရှိ စမ်းသပ်စစ်ဆေးနိုင်ရေး ဆောင်ရွက် လျက်ရှိရာ ဇူလိုင် ၂၁ ရက်တွင် စတင်စစ်ဆေးနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။