ONE Championship က အောင်လအန်ဆန်နှင့် ထပ်မံယှဉ်ပြိုင်ရမည့်ပြိုင်ဘက်ကို မကြာမီ ကြေညာရန်စီစဉ်နေပြီး ဒီရိုင်ဒါနှင့် ယခုနှစ်အတွင်း ပြန်လည်ယှဉ်ပြိုင်ရဖွယ်ရှိနေ

ရန်ကုန်၊ MMA

စင်ကာပူနိုင်ငံ၌ အခြေစိုက်ပြီး အာရှ ဒေသတွင်းတွင် MMA ပြိုင်ပွဲများကို ကျယ်ကျယ်ပြန့်ပြန့်ကျင်းပနေသည့် ONE Championship က  ယခုနှစ်အတွင်း ကျင်းပမည့်ပြိုင်ပွဲအများစုကို ထုတ်ပြန်ခဲ့ ပြီးနောက် ြဗြ ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း နှင့် လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံဟောင်း အောင်လအန်ဆန်နှင့် ထပ်မံယှဉ်ပြိုင်ရမည့် ပြိုင်ဘက်ကို မကြာမီကြေညာရန် စီစဉ် နေပြီး ယခုနှစ်အတွင်း  MMA ကမ္ဘာ့ မစ်ဒယ်ဝိတ်တန်းချန်ပီယံစိန်ခေါ်ပွဲအဖြစ် လက်ရှိ ချန်ပီယံဒီရိုင်ဒါနှင့် တစ်ကျော့ပြန် လည် ယှဉ်ပြိုင်ရဖွယ်ရှိနေကြောင်း  သိရ သည်။

အောင်လအန်ဆန်သည် ချန်ပီယံခါးပတ် နှစ်ခုစလုံး လက်လွှတ်ခဲ့ရပြီးနောက် တစ် ကျော့ပြန်လည်ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်အဖြစ် ဇူလိုင် ၃၀  ရက်က စင်ကာပူနိုင်ငံ၌ကျင်းပ ခဲ့သည့်   ONE BATTLEGROUND ပြိုင်ပွဲတွင် ဘရာဇီးနိုင်ငံသား လီအန်ဒရို အတိုင်ဒီနှင့် ယှဉ်ပြိုင် ခဲ့ရာ ပထမအချီမှာပင် အလဲထိုးဖြင့်  အနိုင်ရရှိခဲ့သည်။

အောင်လအန်ဆန်သည်     ချန်ပီယံခါးပတ်များ    လက်လွှတ်ခဲ့ရပြီးနောက် မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်ပြန်လည် ရရှိရန် ပစ်မှတ် ထား ကြိုးစားနေပြီး လီအန် ဒရိုအတိုင်ဒီကို အနိုင်ရရှိခဲ့သည့်ပွဲစဉ်အပြီးတွင်  ပွဲကစားသည့်စင်ပေါ်မှပင် ONE Championship ဥက္ကဋ္ဌ ချက်ထရီထံသွား ရောက်ပြီး စိတ်ဝင်စားစရာကောင်းသည့် မည်သည့်ပွဲစဉ်ကိုမဆို စီစဉ်နိုင်သည်ဟု တောင်းဆိုထားပြီးနောက် ယခုအခါ ONE Championship ကလည်း အာရှဒေသ တွင်း၌ ပရိသတ်အခိုင်အမာရရှိထားသည့် အောင်လအန်ဆန်၏ပွဲစဉ်ကို  ဦးစားပေး စီစဉ်လာခြင်းဖြစ်သည်။

လက်ရှိ ONE Championship ၏ မစ်ဒယ်ဝိတ်တန်းတွင် စာချုပ်ချုပ်ဆိုထားသည့် ပြိုင်ပွဲဝင်ကစားသမားရှားပါးမှုကြောင့်    အောင်လ အန်ဆန်အနေဖြင့် လာမည့်ပွဲစဉ်တွင် ပြိုင်ဘက်ဟောင်း ဗစ် တာလီဘစ်ဒက်ချ်နှင့် ယှဉ်ပြိုင်ရဖွယ်ရှိနေ သော်လည်း ၎င်းနှင့်  မယှဉ်ပြိုင်ရပါက လက်ရှိချန်ပီယံ ဒီရိုင်ဒါနှင့် ချန်ပီယံစိန်ခေါ် ပွဲကို တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရရှိရန်   နီးစပ်နေခြင်းဖြစ်သည်။

အစောပိုင်းကတည်းက  ONE Championship က အောင်လအန်ဆန် နှင့် လီအန်ဒရိုအတိုင်ဒီတို့ပွဲစဉ်မှ အနိုင် ရရှိသူအနေဖြင့် လက်ရှိ မစ်ဒယ်ဝိတ်တန်း ချန်ပီယံ ဒီရိုင်ဒါကို  စိန်ခေါ်ယှဉ်ပြိုင်ခွင့် ပေးမည်ဟု  ကြေညာထားပြီးဖြစ်သည့် အတွက်    အောင်လအန်ဆန် အနေဖြင့် ဒီရိုင်ဒါနှင့်  တစ်ကျော့ပြန်ယှဉ်ပြိုင်ရန်မှာ ပိုမိုနီးစပ်နေခြင်းဖြစ်သည်။

အောင်လအန်ဆန်အနေဖြင့်  ဇူလိုင် ၃၀ ရက်ကမှ ယှဉ်ပြိုင်ထားခြင်းဖြစ်သည့် အတွက် ယခုနှစ်အတွင်း နောက်ထပ်တစ်ပွဲ ယှဉ်ပြိုင် ရမည်ဖြစ်သော်လည်း   နိုဝင်ဘာ လနှင့် ဒီဇင်ဘာလခန့်မှသာ ယှဉ်ပြိုင်ခွင့် ရရှိဖွယ်ရှိနေသည်။

အောင်လအန်ဆန်ကိုယ်တိုင်ကလည်း လီအန်ဒရိုအတိုင်ဒီနှင့်ပွဲစဉ်အပြီးတွင် ၎င်း၏ မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်ကို ပြန်လည် ရယူမည်ဟု  ကြွေးကြော်ထားပြီး လက်ရှိတွင်လည်း    အမေရိကန်နိုင်ငံ၌ ကြိုတင်ပြင်ဆင်မှုများ  ပြုလုပ်လျက်ရှိ ကြောင်း သိရသည်။

STA