Star 11 Futsal Court Opening Cup ကလပ်ပေါင်းစုံ အမျိုးသားအလွတ်တန်း (၇)ယောက် ဘောလုံးပြိုင်ပွဲဖွင့်ပွဲပြုလုပ်

Star 11 Futsal Court Opening Cup ကလပ်ပေါင်းစုံ အမျိုးသားအလွတ်တန်း (၇)ယောက် ဘောလုံးပြိုင်ပွဲဖွင့်ပွဲပြုလုပ်

နေပြည်တော်၊ ဩဂုတ် - ၁၁

၂၀၂၂ ခုနှစ်၊ Star 11 Futsal Court Opening Cup ကလပ်ပေါင်းစုံ အမျိုးသားအလွတ်တန်း(၇)ယောက် ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယနေ့ညနေပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ နောင်ကုန်းအုပ်စု၊ ကျိုင်းလိတ်ကျေးရွာ၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပြိုင်ပွဲဝင်အသင်းများ၏ အဖွင့်ပွဲစဉ် ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲကို ကျိုင်းတုံမြို့နယ်အတွင်းမှ ပြိုင်ပွဲဝင်အသင်း ၁၄ သင်း ဖြင့် ဩဂုတ် ၁၅ ရက်အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။