SJ WorldNews - шаблон joomla Авто

တရုတ်နိုင်ငံ၌ ဖရဲ ၊ သခွားထွက်ရှိချိန်ဖြစ်၍ ပြည်တွင်းမှ ဖရဲ ၊ သခွား တင်ပို့သူတောင်သူများ အရှုံးပေါ်နေ

Sunday, 13 May 2018 12:14 font size decrease font size decrease font size increase font size increase font size

မူဆယ်  မေ  ၁၂

တရုတ်နိုင်ငံ၌  ဖရဲ၊ သခွားထွက်ရှိချိန် ဖြစ်သောကြောင့်   ဖရဲ၊  သခွား တင်ပို့သူ တောင်သူများအနေဖြင့်  အသီးများ ဆုံးရှုံးသည်အထိ အရှုံးပေါ်နေကြောင်း  မူဆယ်မြို့ရှိ  ဖရဲ၊ သခွားကုန်သည်များထံမှ သိရသည်။

''အခုချိန်မှာ  တရုတ်နိုင်ငံကလည်း  ဖရဲ၊ သခွား တော်တော်ထွက်လာပြီ။ ဝယ်လိုအားကျပြီး ရောင်းအားမကျဘူး။ အဲဒီအတွက် တရုတ်နိုင်ငံဘက်က အဝယ်နည်းသွားတယ်။

ဈေးနှုန်းတွေက မျိုးနဲ့ဆိုင်ပါတယ်။ ဒီဘက်က တောင်ပေါ်မှာစိုက်နေတဲ့ ထိုင်ဝမ်အချိုသီးက ဈေးကောင်းရင်တော့   အဆင်ပြေပါသေးတယ်။  အခု ၈၅၅ ဆိုတဲ့မျိုးက ဈေးကျနေတာပါ။ သခွားကလည်း ဈေးကျတယ်။ တရုတ်နိုင်ငံမှာ  အသီးပေါ်နေတဲ့အတွက်ပါ'' ဟု  ဖရဲ၊ သခွားစိုက်ပျိုးရောင်းချသူ ဦးဇော်မင်းကပြောသည်။

ဖရဲ၊ သခွားဈေးနှုန်းများ ကျဆင်းလျက် ရှိရာ ယမန်နေ့က  အဖြူသီးစီးပြတ်ဈေးမှာ ယွမ် ၂ဝဝဝ မှ ၁ဝဝဝဝ ၊ ထဲန်ဝမ်စီးပြတ်ဈေး AAA ယွမ် ၈ဝဝဝ  မှ ၁၃ဝဝဝ  အထိသာ ဈေးနှုန်းရရှိကြောင်း သိရသည်။

''ဖရဲ၊ သခွား တင်ပို့ဖို့မသင့်ဘူးဆိုတာက ဈေးကွက်ဝယ်လိုအား၊ ရောင်းလိုအားက  ဘယ်လိုမှမမျှတဲ့အတွက်   အသီးမလှဘဲ၊  အရည်အသွေးမကောင်းဘဲ တင်ပို့လိုက်ရင် ကားခတောင်မရနိုင်ပါဘူး။ အသီးကောင်းနေရင်တော့ အထိုက်အလျောက် ဝယ်တယ်'' ဟု ဦးဇော်မင်း ကပြောသည်။

ယခုနှစ် ဖရဲ၊သခွား စိုက်ပျိုးရာသီအတွင်း မုန်တိုင်း ဝင်ရောက်ခဲ့သည့်အတွက် စိုက်ပျိုးမှု နောက်ကျခဲ့သောကြောင့် လက်ရှိအချိန်ထိ တင်ပို့နေရပြီး လတ်တလောတွင် ရှမ်းပြည် နယ်(မြောက်ပိုင်း)မှ ဖရဲ၊ သခွား အထွက်များနေသေးကာ  မန္တလေးတိုင်း ဒေသကြီးနှင့် ချောင်းဦးမြို့နယ်ဘက်၌ သခွားမွှေး အနည်းငယ်သာ ထွက်ရှိကာ  တခြားဒေသများ၌    မထွက် ရှိတော့ကြောင်း    သိရသည်။        

Read 86 times Last modified on Sunday, 13 May 2018 12:15