SJ WorldNews - шаблон joomla Авто

ကျောင်းဖွင့်ရာသီတွင် တစ်ပတ်ရစ် ဂျပန်စက်ဘီးများ အရောင်းသွက်

Tuesday, 15 May 2018 09:33 font size decrease font size decrease font size increase font size increase font size

ဆားတောင်   မေ   ၁၄

စစ်ကိုင်းတိုင်းဒေသကြီး ဆားတောင်မြို့၌ ယခုနှစ်ကျောင်းဖွင့်ချိန် နီးကပ်လာသည်နှင့် အမျှ ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ရာတွင် အသုံးပြုရန် စက်ဘီးများ အရောင်းသွက်လာရာ စက်ဘီးအသစ်ထက် တစ်ပတ်ရစ် ဂျပန်စက်ဘီးများ ပိုမို အရောင်းသွက်လျက် ရှိကြောင်း သိရသည်။

စက်ဘီးဈေးကွက်မှာ ကျောင်းဖွင့်ရာသီ နီးသည့်အချိန်နှင့် ကျောင်းဖွင့်ရာသီတို့၌သာ အရောင်းတွင်ကျယ်လျက်ရှိရာ တရုတ်စက်ဘီး အသစ်ဈေးနှင့် တစ်ပတ်ရစ် ဂျပန်စက်ဘီးဈေးကွက် ဟူ၍ရှိပြီး နယ်မြို့များတွင် တစ်ပတ်ရစ် ဂျပန်စက်ဘီးများကို  အများဆုံး တပ်ဆင်ရောင်းချကြကာ အပိုပစ္စည်းများကိုပါ တစ်ပါတည်း ရောင်းချသည့်စနစ်ကို ကျင့်သုံးကြသည်။

တစ်ပတ်ရစ် ဂျပန်စက်ဘီးများကို ရန်ကုန်မြို့မှ တိုက်ရိုက်မှာယူပြီး ရောင်းချရာတွင် ဂီယာပါသည့် စက်ဘီးနှင့်  ဂီယာမပါသည့် စက်ဘီးဟူ၍ နှစ်မျိုးနှစ်စားခွဲကာ ရောင်းချကြသည်။ ဂီယာပါသော တစ်ပတ်ရစ် ဂျပန်စက်ဘီးတစ်စီးလျှင် ငွေကျပ် ၈၅ဝဝဝ ရှိပြီး ဂီယာမပါသော စက်ဘီးတစ်စီးလျှင်  ငွေကျပ် ၇၅ဝဝဝ ဖြင့် ရောင်းချကြသည်။

လက်ရှိဆားတောင်မြို့ရှိ  စက်ဘီးအရောင်းဆိုင်များသို့ ရွှေဘို၊ ဝက်လက်၊ အရာတော် မြို့နယ်နှင့် အခြားဒေသမှ လာရောက်ဝယ်ယူလျက်ရှိရာ ယခုအခါ တရုတ်စက်ဘီးအသစ်ထက် ဈေးနှုန်း သင့်တင့်သည့် တစ်ပတ်ရစ် ဂျပန်စက်ဘီးများမှာ  ရောင်းအားကောင်းလျက် ရှိကြောင်း သိရသည်။     

Read 99 times Last modified on Tuesday, 15 May 2018 09:34