SJ WorldNews - шаблон joomla Авто

အာဆီယံစီးပွားရေး ဆုပေးပွဲအတွက် စီးပွားရေး လုပ်ငန်းများ အားလုံး ဝင်ရောက် ယှဉ်ပြိုင်ရန် ဖိတ်ခေါ်

Friday, 18 May 2018 09:11 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   မေ   ၁၇

အာဆီယံစီးပွားရေး ဆုပေးပွဲ (ASEAN Business Awards 2018)) အတွက် အာဆီယံနိုင်ငံများမှ စီးပွားရေးလုပ်ငန်းများ လျှောက်လွှာတင်ပြီး ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်   ဖိတ်ခေါ်နေပြီဖြစ်ကြောင်း   ပြည်ထောင်စုသမ္မတ  မြန်မာနိုင်ငံ   ကုန်သည်များနှင့်   စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ  သိရသည်။

အာဆီယံမိသားစု စီးပွားရေးဆု(ASEAN Family  Business  Award) ကို အာဆီယံ အသိုက်အဝန်းအတွင်း  မိသားစု စီးပွားရေး လုပ်ငန်းအား  ဘဏ္ဍာရေးနှင့်  လူမှုရေးများတွင်   ထူးချွန်အောင်မြင်စွာ လုပ်ကိုင်နိုင်၍  မျိုးဆက်များစွာ တိုင်အောင်  အဓွန့်ရှည်စွာ စွမ်းဆောင်နိုင်သူများအား အသိအမှတ်ပြုသောအားဖြင့် ပေးအပ်မည်ဖြစ်ပြီး  ယခုနှစ်တွင် ASEAN  Family  Business Award ကို  ဆုအသစ်တစ်ခုအဖြစ်   ပါဝင်ယှဉ်ပြိုင်နိုင်မည် ဖြစ်ကြောင်း  သိရသည်။

ထို့ကြောင့်  စီးပွားရေးလုပ်ငန်းများ အားလုံးအနေဖြင့်  ASEAN   Business Awards 2018 သို့  ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး  လျှောက်လွှာများတင်ရန်   ဖိတ်ခေါ်ရခြင်းဖြစ်သည်။ 

ထို့ပြင် အာဆီယံမိသားစု စီးပွားရေး လုပ်ငန်းများသည် ကမ္ဘာ့စီးပွားရေးအတွက် အရေးပါသည့်ကဏ္ဍမှ ပါဝင်နေသည်ကို တခြားစီးပွားရေး လုပ်ငန်းများ သိရှိစေရန်နှင့် ထူးချွန်သည့် မိသားစုလုပ်ငန်းများကို ဦးဆောင်သူများအဖြစ် စံနမူနာယူနိုင်ရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊  စိတ်ပါဝင်စားသူများ အနေဖြင့်  လိုအပ်ချက်များနှင့် အမည်စာရင်း တင်သွင်းရမည့် ပုံစံများကို https://www.aseanbac2018.org/asean-business-award/တွင် Download  ရယူနိုင်ပြီး ဖြည့်စွက်ထားသော လျှောက်လွှာများကို This email address is being protected from spambots. You need JavaScript enabled to view it. သို့ ပေးပို့နိုင်ကာ  လျှောက်လွှာပိတ်ရက်မှာ   ဇူလိုင် ၃၁ ရက်ဖြစ်ကြောင်း သိရသည်။

အဆိုပါ  ASEAN Business Awards 2018 အတွက်  ယခုနှစ်တွင်  မဟာမိတ်ဖက်အဖြစ် အသိပညာများ မျှဝေပေးပြီး ပူးပေါင်းပါဝင်မည့် သူများမှာ Ernst & Young LLP (EY) နှင့် စင်ကာပူစီမံခန့်ခွဲမှု တက္ကသိုလ် (Singapore Management University)  တို့ ဖြစ်ကြောင်း သိရသည်။        

Read 32 times Last modified on Friday, 18 May 2018 09:12