SJ WorldNews - шаблон joomla Авто

ပြည်တွင်းထုတ် ဓာတ်ဆီများကို ဈေးနှုန်းတစ်ခုဖြင့် ချိန်ညှိသတ်မှတ် ရောင်းချပါက ဈေးကွက် ရရှိနိုင်

Friday, 06 July 2018 09:24 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဇူလိုင် 

 ပြည်တွင်းထုတ် ဓာတ်ဆီများသည် ဆီစားနှုန်း ပိုမိုခံသည့်အတွက် ယခင်က သုံးစွဲ သူများပြားခဲ့ရာ  ပြည်တွင်းထုတ် ဓာတ်ဆီများကို  အောက်တိန်း  ၉၂  ဈေးဖြင့်  ချိန်ညှိ သတ်မှတ်ကာ ရောင်းချနိုင်ပါက ဈေးကွက်ရှိနိုင်သည့်အတွက် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနသို့ တင်ပြထားကြောင်း မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချ ရေးအသင်း အတွင်းရေးမှူး    ဒေါက်တာ ဝင်းမြင့်ထံမှ သိရသည်။

ဇူလိုင် ၁ ရက်မှစ၍ မြန်မာ့ရေနံထွက် ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းမှ    နိုင်ငံပိုင် စက်သုံးဆီ အရောင်းဆိုင်ရှစ်ဆိုင်မှ  ပြည်တွင်းထုတ် ဓာတ်ဆီ  ဂါလန်သုံးသန်းကို  ဒုတိယ အကြိမ်အဖြစ် ထပ်မံရောင်းချပေးလျက်ရှိသည်။

လတ်တလောတွင် ပြည်တွင်းထုတ်စက် သုံးဆီဈေးနှုန်းမှာ ဓာတ်ဆီတစ်ဂါလန်လျှင် ငွေကျပ် ၃၈ဝဝ နှင့် ဒီဇယ်ဆီ တစ်ဂါလန် လျှင် ငွေကျပ် ၄ဝဝဝ နှုန်းဖြင့် ရောင်းချပေးနေကြောင်း သိရသည်။

အစိုးရမှ ရောင်းချပေးနေသည့် ပြည်တွင်းထုတ် ဓာတ်ဆီများကို လယ်ယာသုံး လုပ်ငန်းများတွင် အသုံးပြုသည့် စက်ကိရိယာများနှင့် မော်တော်ဆိုင်ကယ်များတွင်သာ အဓိကထား သုံးစွဲလေ့ရှိပြီး မြစ်အတွင်းပြေးဆွဲသည့် သင်္ဘောများတွင်လည်း   အသုံးပြုနိုင် ကာ မော်တော်ယာဉ်နှင့် တခြားလုပ်ငန်းသုံး အများစုမှာ ပြည်ပမှ တင်သွင်းသည့် စက်သုံး ဆီများကို  အများဆုံး အသုံးပြုကြသည်။ ပြည်တွင်းထုတ် ဓာတ်ဆီများကို အစိုးရမှ  ရောင်းချပေးနေသော် လည်း ပြည်ပမှ တင်သွင်းသည့် စက်သုံးဆီများ၏ ဈေးနှုန်းမှာ ကျဆင်းသွားခြင်းမရှိဘဲ ဈေးမြင့်နေဆဲဖြစ်သည်။

''ပြည်တွင်းထုတ်ဓာတ်ဆီတွေ ထုတ်ရောင်းပေမယ့် ပြည်ပကတင်သွင်းတဲ့ စက်သုံးဆီ ဈေးတော့မကျနိုင်ပါဘူး။နိုင်ငံတကာ ပေါက်ဈေးနဲ့ပဲဝယ်ပြီး အမြဲတမ်း တင်သွင်းတာဆို တော့ သူ့ဈေးနဲ့သူရှိပါတယ်။ ပြည်တွင်းက ထုတ်တဲ့ဓာတ်ဆီကိုသုံးရင် ဈေးနှုန်းသက်သာ တာပေါ့'' ဟု ဒေါက်တာဝင်းမြင့် ကပြောသည်။

''တခြား စက်သုံးဆီတွေကတော့ နယ်ဈေးကွက်မှာ မိုးရာသီကာလ ဆိုတော့  အရောင်းအဝယ်က အနည်းငယ်ပါးပါတယ်။ အစိုးရကထုတ်ရောင်းတဲ့ ဓာတ်ဆီကတော့ ရခိုင်ဘက်မှာ ပိုရောင်းရပါတယ်'' ဟု ကျော်စံ စက်သုံးဆီ ကုမ္ပဏီမှ AGM ဦးအောင်ကျော် စိုး ကပြောသည်။

ထို့ပြင်  ပြည်ပမှ တင်သွင်းသည့် ဓာတ်ဆီဈေးနှုန်းများ မမြင့်တက်စေရန်  လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနက ဆောင်ရွက်နေပြီး လတ်တလောတွင် အောက်တိန်း ၉၇၊ ၉၅၊ ၉၂ အမျိုးအစားသုံးမျိုးကို ပြည်ပမှ တင်သွင်းရောင်းချနေကာ   ပြည်တွင်းထုတ် ဓာတ်ဆီဈေးထက်  တစ်ဂါလန်လျှင်  ငွေကျပ် ၃ဝဝ ခန့် ဈေးနှုန်း မြင့်မားကြောင်း သိရသည်။

Read 66 times Last modified on Friday, 06 July 2018 09:26