SJ WorldNews - шаблон joomla Авто

တရုတ်နိုင်ငံမှ ဝယ်ယူမည်ဟု ကမ်းလှမ်းချက်များ ရှိနေ၍ ပြည်တွင်း၌ ငါး ၊ ပုစွန် မွေးမြူရေးဇုန် ဖော်ဆောင်ပါက ဘနားမီး ပုစွန်ကို အဓိကထား မွေးမြူသင့်

Friday, 13 July 2018 09:59 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   ဇူလိုင်   ၁၂

ရန်ကုန်တိုင်းဒေသကြီးတွင် ဖော်ဆောင်မည့် ငါး၊ ပုစွန်မွေးမြူရေးဇုန်၌   ကမ္ဘာ့ဈေးကွက် ရှိပြီးသား ဖြစ်သော  ဘနားမီးပုစွန်မွေးမြူရေးကို  အဓိကထား လုပ်ကိုင်မည်ဖြစ်ကြောင်း   မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်ထံမှ သိရသည်။

''ရန်ကုန်တိုင်းဒေသကြီးမှာ ဧကတစ်သောင်း စီမံကိန်း အကောင်အထည်ဖော်ရင် ဘနားမီးပုစွန်ကို အဓိကမွေးမယ်။  ရေငန်ဒေသမှာလုပ်မယ့် စီမံကိန်းမှာလည်း ဒီပုစွန်ကိုပဲ မွေးဖို့ရှိတယ်။ ဒီပုစွန်က ကမ္ဘာမှာ ဈေးကွက်ကျယ်ပြန့်တယ်။ ဥပမာ-ရေထွက်ပစ္စည်း  ပြည်ပတင်ပို့တဲ့  ထိပ်သီးနိုင်ငံတွေ ကိုကြည့်ရင်  ထိုင်းနိုင်ငံဆိုရင်  အမေရိကန် ဒေါ်လာ    သန်းခြောက်ထောင်လောက် ရတယ်။ ဗီယက်နမ်နိုင်ငံ ဆိုရင်  အမေရိကန် ဒေါ်လာ   သန်းရှစ်ထောင် ကျော်လောက် ရတယ်။ ပုစွန်ကနေ ဝင်ငွေ ၅ဝ ရာခိုင်နှုန်းလောက် ရနေတာဆိုတော့  ပုစွန်က တန်ဖိုးလည်းမြင့်တယ်။ ဈေးကွက်လည်းရှိပြီးသား ဖြစ်တယ်။ ဒါကြောင့် မွေးမြူသင့်တယ်''ဟု  ဦးဝင်းကြိုင် ကပြောသည်။

ကမ္ဘာတွင် ဈေးကွက်ရှိပြီးဖြစ်သော ပုစွန်ကို မြန်မာနိုင်ငံ၌ မွေးမြူသင့်ကြောင်း၊ ပုစွန် မမွေးမြူမီကတည်းက တရုတ်နိုင်ငံမှ ဝယ်ယူမည်ဟု ကမ်းလှမ်းချက်များ ရှိနေပြီး လက်ရှိတွင် ပုစွန်မွေးမြူနေသည့် ကန်တချို့မှ   ထွက်သမျှ ပုစွန်အားလုံးကို    ဝယ်ယူရန်  ကန်ထရိုက် စာချုပ်များ ချုပ်ဆိုထားသည်။

လက်ရှိတွင် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ ချုပ်အနေဖြင့် ကုန်ပစ္စည်း မရှိသေးသည့် အတွက်   မရောင်းရသေးခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌    အားသာချက်အနေဖြင့်  မြေသန့်ပြီး အဆင့်မြင့်နည်းပညာများ အသုံးပြုကာ  မွေးမြူပါက ဈေးကောင်း ရရှိမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့ နယ်ရှိ    မြေ    ၉၆၄၂  ဧက၌   ငါး၊ ပုစွန်    မွေးမြူရေးဇုန် ဖော်ဆောင်မည် ဖြစ်ပြီး တွံတေးမြို့နယ်ရှိ  မြေဧက ၅ဝဝ ၌ ကုန်ချော ထုတ်လုပ်ရန် အအေးခန်း စက်ရုံများ  အကောင်အထည်ဖော် ဆောင်ရွက်ရန်ရှိပြီး ယင်းမြေနေရာများ အတွက် ပြည်ထောင်စုအစိုးရထံ တင်ပြထားကြောင်း  သိရသည်။                 

Read 76 times Last modified on Friday, 13 July 2018 10:00