SJ WorldNews - шаблон joomla Авто

Myanmar Business Model Competition 2018 ပြိုင်ပွဲကျင်းပမည်

Thursday, 09 August 2018 12:03 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   သြဂုတ်  

စီးပွားရေးလုပ်ငန်းရှင် လူငယ်များကို စနစ်တကျ မွေးထုတ်ပေးနိုင်ရန်နှင့် စီးပွားရေး လုပ်ငန်းသစ်များ ဖော်ထုတ် နိုင်ရန် ရည်ရွယ်၍ Myanmar Business Model Competition 2018 ပြိုင်ပွဲကို  ဂျပန်နိုင်ငံ  CIESF နှင့် ပူးပေါင်း ကျင်းပမည် ဖြစ်ကြောင်း ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ် (UMFCCI ) မှ သိရသည်။

အဆိုပါပြိုင်ပွဲတွင်  အဖွဲ့လိုက်ပါဝင် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး  တစ်ဖွဲ့လျှင် အဖွဲ့ဝင်နှစ်ဦးမှ သုံးဦးအထိ ပါဝင် ယှဉ်ပြိုင် ခွင့် ရှိကာ ပြိုင်ပွဲဝင်များကို အသက် ၃၂ နှစ်အောက်သာ ဝင်ရောက် ယှဉ်ပြိုင်ရန် သတ်မှတ်ထားသည်။  ထိုပြိုင်ပွဲ တွင်   ပထမဆု ရရှိသည့် အဖွဲ့ကို  Championship Trophy အပြင် ရွှေတံဆိပ်ဆုနှင့် ငွေကျပ်သိန်း ၅ဝ၊ ဒုတိယ ဆု ရရှိသည့် အဖွဲ့ကို  ငွေတံဆိပ်ဆုနှင့် ငွေကျပ် ၂၅သိန်း၊ တတိယဆုရရှိသည့်အဖွဲ့ကို ကြေးတံဆိပ်ဆုနှင့် ငွေကျပ် ၁၂ သိန်း၊ နှစ်သိမ့်ဆု နှစ်ဆုအတွက်   ငွေသားများပေးအပ်ချီးမြှင့်မည်ဖြစ်သည်။  

ထို့ပြင် ဆုရအဖွဲ့များအနက် အကောင်းဆုံး အဖွဲ့နှစ်ဖွဲ့ကိုရွေးချယ်ကာ ၂ဝ၁၉ ခုနှစ်  မတ်လတွင် ကျင်းပမည့် Mekong Business Challenge 2019 သို့ မြန်မာနိုင်ငံ ကိုယ်စားပြုအဖွဲ့များအဖြစ်  ထပ်မံစေလွှတ်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြိုင်ပွဲ၌  ပါဝင်ယှဉ်ပြိုင်လိုသူများအား သြဂုတ် ၁၁ ရက်နှင့် ၁၈ ရက် မွန်းလွဲ ၂ နာရီတွင် ပြိုင်ပွဲနှင့် ပတ်သက် သည့် Orientation များကို UMFCCI ၌ ပြုလုပ်မည်ဖြစ်၍  မည်သူမဆို လာရောက်လေ့လာနိုင်ကြောင်း၊ ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် UMFCCI နှင့်ဆက်သွယ်၍ သတ်မှတ်ပုံစံများရယူကာ ယှဉ်ပြိုင်မည့် မိမိတို့၏ Business Idea ကို  စက်တင်ဘာ ၆ ရက်  နောက်ဆုံးထား၍ ပြန်လည်ပေးပို့ရမည်ဖြစ်ပြီး  ပြိုင်ပွဲနှင့် ပတ်သက်၍    သိရှိ လိုပါက  ရန်ကုန်တိုင်းဒေသကြီး  လမ်းမတော်မြို့နယ် Business Idea  လူ့စွမ်းအားအရင်းအမြစ်ဌာန ဖုန်း-ဝ၁-၂၃၁၄၃၄၄ - ၄၉ နထအ ၁၃၃၊ ၁၃၄ နှင့် ဝ၁-၂၃၁၇၄၈ဝ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။                  

ဝန်းရံခ

Read 50 times Last modified on Thursday, 09 August 2018 14:52