SJ WorldNews - шаблон joomla Авто

ဂန့်ဂေါမြို့နယ်၌ ဆောင်းခရမ်းချဉ်သီးများ မကြာမီ ထွက်ရှိတော့မည်

Tuesday, 14 November 2017 13:50 font size decrease font size decrease font size increase font size increase font size

 

ဂန့်ဂေါ    နိုဝင်ဘာ   ၁၃

မကွေးတိုင်းဒေသကြီး   ဂန့်ဂေါမြို့နယ်အတွင်း ဆောင်းရာသီ သီးနှံအဖြစ် စိုက်ပျိုးထားသော ခရမ်းချဉ်သီးစိုက်ခင်းများမှ မကြာမီ ခရမ်းချဉ်သီးများ   ခူးဆွတ်တော့မည်ဖြစ်ကြောင်း သိရသည်။

ဂန့်ဂေါဒေသ၌ စိုက်လေ့စိုက်ထရှိသည့် ခရမ်းချဉ်သီးမျိုးကို ယောခရမ်းချဉ်သီးဟု ခေါ်ပြီး တိုင်ဝမ်ခရမ်းချဉ်သီးမျိုး အပါအဝင် အခြားခရမ်းချဉ်သီးမျိုးများကိုမူ အောက်ခရမ်းချဉ်သီးဟု ခေါ်ကြသည်။

''အခုအချိန် ဒေသခရမ်းချဉ်သီးက မပေါ်သေးတော့ ခရမ်းချဉ်သီး တစ်ပိဿာကို ငွေ ကျပ် ၁၆ဝဝ ကနေ ၂ဝဝဝ အထိ ဈေးပေးဝယ်နေရတယ်။   ဒေသခရမ်းချဉ်သီးတွေ ပေါ်ရင်တော့ ဈေးကျတော့မှာပါ''ဟု အိမ်ရှင်မ တစ်ဦးကပြောသည်။

ဂန့်ဂေါမြို့နယ်၌ ခရမ်းချဉ်သီးစိုက်ဧက ၈၇၈ ဧကရှိပြီး တစ်နှစ်လျှင် ခရမ်းချဉ်သီး ပိဿာ၂၅ သိန်းကျော်  ထွက်ရှိကြောင်း၊ ဒေသတွင်း ခရမ်းချဉ်သီးစားသုံးမှုမှာ တစ်နှစ်လျှင် ပိဿာ၂၉ သိန်းကျော် လိုမည်ဟု ခန့်မှန်းရသဖြင့်   တစ်နှစ်တွင်     ပိဿာသုံးသိန်းခွဲကျော်ကို အခြားဒေသမှ ဝယ်ယူနေရကြောင်း   သိရသည်။

ခရမ်းချဉ်သီးတစ်ဧက    စိုက်ပျိုးရန် အရင်းအနှီးအဖြစ် ငွေကျပ် ၁၁ သိန်းကုန်ကျ၍ တစ်ဧကလျှင် ပိဿာ ၂၉ဝဝ ကျော် ထွက်လေ့ရှိသဖြင့် တစ်ပိဿာလျှင် ငွေကျပ် တစ်ထောင်ဈေးဖြင့် ရောင်းချရပါက တစ်ဧကလျှင် ငွေကျပ် ၂၉ သိန်းရရှိကြောင်း ဂန့်ဂေါမြို့နယ်ရှိ ခရမ်းချဉ်စိုက် တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ထိုသို့ခရမ်းချဉ်သီးစိုက်ပျိုးရာတွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူများသည် ပိုးသတ်ဆေးဓာတ်ကြွင်း ပါဝင်မှုမရှိရေး၊ အစားအသောက် ဘေးကင်း လုံခြုံရေးအတွက် လိုအပ်သည့်နည်းပညာများ ပံ့ပိုးနိုင်ရန် ခရမ်းချဉ်သီးစိုက် တောင်သူများထံ ကွင်းဆင်းကာ အသိပညာပေး ဆွေးနွေးလျက် ရှိကြောင်း သိရသည်။

Read 23 times Last modified on Tuesday, 14 November 2017 13:51