SJ WorldNews - шаблон joomla Авто

ဆိပ်ဖြူ အောက်တိုဘာ  ၃၁

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်၌ ယခုနှစ်တွင်  ဆောင်းသီးနှံစိုက်ပျိုးသူများသည် ယခုနှစ်မိုးလွန်ကာလတွင် မိုးရွာသွန်းမှု များခြင်းကြောင့် စိုက်ပျိုးချိန်နောက်ကျသဖြင့် အောက်တိုဘာ တတိယပတ်မှစ၍ ဆောင်းသီးနှံများကို စိုက်ပျိုးလျက် ရှိကြောင်း သိရသည်။

ရန်ကုန်  အောက်တိုဘာ ၃ဝ

ပြည်တွင်းရှိ ပဲစင်းငုံနှင့်မတ်ပဲ  ဈေးနှုန်းတည်ငြိမ်ရေး အတွက် ငွေကျပ် ၅ဝ ဘီလီယံကို အတိုးနှုန်းမဲ့ ချေးငွေအဖြစ် ထည့်ဝင်ပေးရန်  နိုင်ငံတော်အစိုးရထံ တင်ပြတောင်းဆိုထားကြောင်း  မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း     အတွင်းရေးမှူး ဦးမင်းကိုဦးထံမှ သိရသည်။

မန္တလေး  အောက်တိုဘာ  ၂၉

ယခုနှစ်   သရက်သီး အထွက်နှုန်းမှာ ယခင်နှစ်ကထက် ကျဆင်းကာ  ဈေးနှုန်း မြင့်တက်လာနိုင်သဖြင့် မြန်မာနိုင်ငံ တစ်ဝန်းရှိ သရက်ခြံများကို တရုတ်ကုန်သည်များက ခြံပြတ်လိုက်လံ ဝယ်ယူလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၌ ဝယ်ယူမှုမြင့်တက်လျက်ရှိကြောင်း မြန်မာ့သရက်ဈေးကွက်နှင့်  နည်းပညာဖွံ့ဖြိုးရေးအသင်း    အတွင်းရေးမှူး ဦးကျော်စိုးနိုင်ထံမှ သိရသည်။

ရန်ကုန်  အောက်တိုဘာ  ၂၉

ကော်ဖီစိုက်ပျိုးရာ ဒေသများ၌  ယခုနှစ် တွင်   ရာသီဥတု ကောင်းမွန်သည့်အတွက်  ကော်ဖီအထွက်နှုန်း ကောင်းမွန်နိုင်မည်ဟု  ခန့်မှန်းထားကြောင်း   မြန်မာနိုင်ငံကော်ဖီ အသင်းဥက္ကဋ္ဌ ဦးရဲမြင့်ထံမှ သိရသည်။

မြစ်ကြီးနား  အောက်တိုဘာ ၂၅

ကချင်ပြည်နယ်အတွင်း ရော်ဘာစိုက်ဧက ၈ဝ၄၁၁ ဧကရှိပြီး အစေးခြစ်ဧက ၂ဝဝဝ ကျော်သာရှိကြောင်း ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

Page 5 of 20