SJ WorldNews - шаблон joomla Авто

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်တွင် ယခုနှစ်ဆီးပန်းပွင့်ရာသီ ပျားရည်ထုတ်လုပ်ရေး လုပ်ငန်းများ၌ ပျားရည်ဈေး နှုန်းကျသော်လည်း လုပ်သားငှားရမ်းခသည် ယခင်နှစ်များထက် ဈေးနှုန်းမြင့်တက်လျက် ရှိကြောင်း ပျားမွေးမြူရေး လုပ်ငန်းရှင်များထံမှ သိရသည်။

မြန်မာနိုင်ငံတွင် ပြည်ပဝယ်ယူမှု ရပ်တန့်သွားသည့် ပဲစင်းငုံဈေးနှုန်းသည် အောက်တိုဘာလ အတွင်းအနိမ့်ဆုံးဈေးသို့ ကျဆင်းနေပြီး အရောင်းအဝယ်အေးကာ သိုလှောင်ထားရန် ဝယ်ယူခြင်းများသာ ရှိနေကြောင်း မန္တလေးကုန်စည်ဒိုင် အသင်းမှ သိရသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ်ရှိ လက်ဖက်စိုက် တောင်သူများသည် မိုးရာသီကာလအတွင်း ရာသီဥတု အခြေအနေကြောင့် လက်ဖက်ခြောက် ထုတ်လုပ်မှုကို ရပ်နားထားခဲ့ကြပြီး လက်ရှိတွင် မိုးကာလကုန်ဆုံးတော့မည် ဖြစ်၍ လက်ဖက်ခြောက် ထုတ်လုပ်မှုကို ပြန်လည်လုပ်ကိုင်နေကြပြီ ဖြစ်ကြောင်း လက်ဖက်စိုက် တောင်သူ ဦးမော်ရွှေထံမှ သိရသည်။

မြန်မာနှင့်ထိုင်း နှစ်နိုင်ငံကြား လည်ပတ်နိုင်မည့် နေရာဒေသများ အကြောင်း ဆွေးနွေးရန် တနင်္သာရီ တိုင်းဒေသကြီးရှိ ခရီးသွားလုပ်ငန်းရှင်များကို ထိုင်းခရီးသွား လုပ်ငန်းရှင်များက ဖိတ်ခေါ်ထားကြောင်း တနင်္သာရီ တိုင်းဒေသကြီး ကုန်သည်စက်မှုအသင်းမှ သိရသည်။

ရန်ကုန်  အောက်တိုဘာ 

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့၌ ကုန်ကြမ်းဈေး ထက်ဝက်ခန့်မြင့်တက်မှုနှင့် ပညာ ရှင်ရှားပါးမှု တို့ကြောင့် အိုးလုပ်ငန်းလုပ်ကိုင်သူ နည်းပါးလာကြောင်း ဦးခင်မောင်မြင့်နှင့် ဒေါ်မေမာထွန်းမိသားစု အိုးလုပ်ငန်းပိုင်ရှင် ဒေါ်မေမာထွန်းထံမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ်နှင့် ယင်းမာပင်မြို့နယ် အတွင်းရှိ ဆီးသီးပျားရည် ထုတ်လုပ်ငန်း များသည် ယခုနှစ် ပျားရည် ထုတ်ရာသီတွင် ရာသီဥတု ဖောက်ပြန်မှုကြောင့် ပျားရည်ထွက်ရှိမှု ကျဆင်းလျက်ရှိ ကြောင်း ကနီမြို့နယ်အတွင်း ပျားရည်ထုတ် လုပ်ငန်းရှင်များထံမှ သိရ သည်။

Page 8 of 20