SJ WorldNews - шаблон joomla Авто

ရှမ်းပြည်နယ် (တောင်ပိုင်း) ရွာငံမြို့မှ ထွက်ရှိသော Arabica ကော်ဖီကို အမေရိကန်နိုင်ငံမှ ဝယ်ယူနေခြင်းကြောင့် ပြည်ပဈေးကွက် အခိုင်အမာ ရရှိထားသော်လည်း ၂ဝ၁၈ ခုနှစ်အတွင်း တခြားသော ပြည်ပနိုင်ငံ ဈေးကွက်သစ်များ ထပ်မံရရှိစေရန် စမ်းသပ်တင်ပို့ ရောင်းချမည်ဖြစ်ကြောင်း Ywangan Amayar ကုမ္ပဏီမှ သိရသည်။

မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် သမန်းတော(တောင်)ကျေးရွာမှ ထွက်ရှိသော ဒေသထွက် ထန်းကုလားထိုင်များ ကို နတ်မောက်မြို့ မြို့မစည်ပင် သာယာရေးဈေး အနီး၌ လာရောက်ရောင်းချလျက် ရှိကြောင်း သိရသည်။

ယခုနှစ် ရာသီဥတု အခြေအနေကြောင့် သရက်တန်ချိန် ၂၉ဝဝဝ သာ တင်ပို့နိုင်သည်အထိ ကျဆင်းခဲ့ရကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်ထံမှ သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ မြို့မဈေးကြီး၌ သီတင်းကျွတ် အချိန်အခါ နီးလာသည့်အတွက် ဒေသအသီး သီးမှ လာရောက် ဝယ်ယူသူ များလာသဖြင့် လက်ဖက်ခြောက်ဈေးကွက် အရောင်းအဝယ် သွက်လာကြောင်း သိရသည်။

ရန်ကုန် စက်တင်ဘာ ၂၈

မူဆယ်နှင့် ၁ဝ၅ မိုင်နယ်စပ် ကုန်သွယ်ရေး စခန်းသို့ ဖရဲနှင့်သခွားမွှေး မော်တော်ယာဉ် အစီးရေ နေ့စဉ် ၁ဝဝ ခန့် တင်ပို့နေပြီး ဈေးကောင်းရရှိနေကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း အတွင်းရေးမှူး ဦးကျော်သူထံမှ သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာ ဒေသတွင် စိုက်ပျိုးသော ကမ္ဗလာသီးများ လှိုင်လှိုင်ထွက် ရှိပြီး ဒေသတွင်းမြို့များသို့ ဖြန့်ဖြူးရောင်းချလျက် ရှိကြောင်း သိရသည်။

Page 10 of 20