SJ WorldNews - шаблон joomla Авто

ကျောင်းသူတစ်ဦး ရေနစ်သေဆုံး

Tuesday, 21 May 2019 10:13 font size decrease font size decrease font size increase font size increase font size

ရေဦး၊ သေမှုသေခင်း

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်  မုံတိုင်ပင်ကျေးရွာ၌ မေ ၁၉ ရက်ညနေ ၅ နာရီက ကျောင်းသူတစ်ဦး ညောင်ရေသွန်းရန် မူးမြစ်အတွင်း ရေဆင်းခပ်ရာမှ ရေနစ်သေ ဆုံးမှုဖြစ်ပွားကြောင်းသိရသည်။

ဖြစ်စဉ်မှာ ရေဦးမြို့နယ် မုံတိုင်ပင်ကျေး ရွာနေ မမိုးသူဇာခင် ၁၃ နှစ် သတ္တမတန်းသည် သူငယ်ချင်းများနှင့်အတူ ညောင်ရေ သွန်းပွဲတွင် ရေသပ္ပာယ်ရန်အတွက် မူးမြစ် အတွင်းရေဆင်းခပ်စဉ် ရေနစ်သွားသဖြင့် အနီးရှိကျေးရွာသားများ က ဝိုင်းဝန်းဆယ်ယူ ပြီး ရေဦးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ရာ ညနေ ၅ နာရီခွဲတွင်သေဆုံးသွားသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ရေဦးမြို့မရဲစခန်း က သေမှုသေခင်းအမှတ်စဉ် ၈/၂ဝ၁၉  ဖြင့်အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။                 

Read 31 times Last modified on Tuesday, 21 May 2019 10:14