SJ WorldNews - шаблон joomla Авто

မူးယစ်ဆေးဝါးများ သယ်ဆောင် လာသူကို ဖမ်းဆီးရမိ

Tuesday, 21 May 2019 10:14 font size decrease font size decrease font size increase font size increase font size

ကျိုင်းတုံ၊ မူးယစ်ဆေးဝါးမှု

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့ နောင်နွန်းပူးပေါင်းစစ်ဆေးရေးဂိတ်၌ မေ ၁၉ ရက်နံနက် ၁ဝ နာရီမိနစ် ၄ဝ က ကတ်တမင်း မူးယစ်ဆေးသယ်ဆောင်လာသူနှင့် ဆက်စပ်သူများဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ အမှတ်(၂၉)မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု ကျိုင်းတုံမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ သည် ကျိုင်းတုံမြို့ နောင်နွန်းပူးပေါင်းစစ်ဆေးရေးဂိတ်၌  ဝင်းမြင့်မောင်းနှင်လာသည့် မော်တော်ယာဉ်အားစစ်ဆေးရာ မော်တော်ယာဉ် နောက်ခန်းကား ဝမ်းဗိုက်အတွင်းမှ ကတ်တမင်းမူးယစ်ဆေး ၉ဝဝ ဂရမ်ခန့်စီပါအထုပ် ၇ဝ၊ ကား နောက်ခန်း ဘေးဘက်နံရံများတွင်  ဝှက်၍သယ်ဆောင် လာသည့်ကတ်တမင်း ၉ဝဝ ဂရမ်ခန့်စီပါအထုပ် ၂၂ ထုပ်၊  ကားနောက် ခန်းတံခါးကြားတွင်ဝှက်၍သယ်ဆောင်လာသည့်ကတ်တမင်း ၉ဝဝ ဂရမ်ခန့်စီပါအထုပ် ငါးထုပ် စုစုပေါင်း ၈၇ ဒသမ ၃ ကီလိုအားရှာဖွေ တွေ့ရှိသိမ်းဆည်းရမိသည်။

ဆက်လက်၍ဝင်းမြင့်ကိုစစ်ဆေးရာ ဥက္ကာထွန်း(ခ)ဥက္ကာနှင့် ကျော်ထွန်း(ခ)ငို့အောင်တို့က ငွေကျပ်လေးသိန်းပေးကာ  အဆိုပါ ကားကိုတာချီလိတ်မှတောင်ကြီးသို့ပို့ဆောင်ခိုင်းကြောင်းသိရှိရပြီး ၄င်းတို့အား တာချီလိတ်မြို့တွင် ဖမ်းဆီး ရမိသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဝင်းမြင့်၊ ဥက္ကာထွန်း(ခ)ဥက္ကာနှင့်ကျော်ထွန်း (ခ)ငို့အောင်တို့အား ကျိုင်းတုံမြို့မရဲစခန်းက အမှုဖွင့် အရေးယူဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

Read 25 times Last modified on Tuesday, 21 May 2019 10:15