SJ WorldNews - шаблон joomla Авто

နေအိမ်အတွင်း၌ မူးယစ်ဆေးဝါးများ ရှာဖွေတွေ့ရှိ

Tuesday, 21 May 2019 10:15 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ မူးယစ်ဆေးဝါးမှု

ရန်ကုန်တောင်ပိုင်းခရိုင် ဒလမြို့နယ် အံ့ကြီးအနောက်ရပ်ကွက် ဦးအောင်ဇေယျလမ်းရှိ နေအိမ်တစ်အိမ်၌ မေ ၁၉ ရက် မွန်းလွဲ ၂ နာရီက WY စာတန်းပါလိမ္မော် ရောင်စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိ ကြောင်းသိရသည်။

ဖြစ်စဉ်မှာ   အံ့ကြီးအနောက်ရပ်ကွက်  ဦးအောင်ဇေယျလမ်းနေ တေဇာ၏နေအိမ်၌ မူးယစ်ဆေးဝါးရောင်း ချနေကြောင်း သတင်း အရ ဒလမြို့မရဲစခန်းမှ ရဲအုပ်သက်နိုင်အေး၊ ဒုတိယရဲအုပ်နွယ်မာထွန်း၊ ရဲတပ်ကြပ်သန်းစိန်၊ ဒုတိယ ရဲတပ်ကြပ် လှဆွေတို့ နှင့်အတူ နေအိမ်သို့ဝင်ရောက်ရှာဖွေရာ တေဇာအားတွေ့ရှိခြင်းမရှိဘဲ အေးအေးခိုင်(ခ)ကရင်မ  ၄၇ နှစ်ကို တွေ့ရှိရသည်။

ထို့နောက် ၄င်း၏ခန္ဓာကိုယ်အား ရှာဖွေရာ အင်္ကျီရင်ဘတ်အတွင်းမှ စိတ်ကြွဆေးပြားဟု ယူဆရသော WY စာတန်းပါ လိမ္မော် ရောင်ဆေးပြား ၁၂ ပြား၊ မူးယစ်ဆေးဝါး ရောင်းချရရှိငွေကျပ် ၂၂ဝဝဝ ကိုတွေ့ရှိပြီး နေအိမ်အတွင်း ဆက်လက် ရှာဖွေရာ ဘုရားကျောင်းဆောင်ဝဲဘက်ထောင့်မှ ပလတ်စတစ် ကပ်ခွာအပြာအိတ်ဖြင့်ထည့်ထားသည့် စိတ် ကြွ ဆေးပြားဟု ယူဆရသော WY စာတန်းပါ လိမ္မော်ရောင်ဆေးပြား  ၃၄ဝ၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင်အသုံးပြုသော ခဲပြားလိပ်တစ်လိပ် တွေ့ရှိသိမ်းဆည်းရမိသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အေးအေးခိုင်(ခ) ကရင်မနှင့် တေဇာ(ထွက်ပြေးတိမ်းရှောင်)တို့အား ဒလမြို့မရဲစခန်းက မယ(ပ) ၂၈/ ၂ဝ၁၉၊ မူး/စိတ်ဥပဒေပုဒ်မ ၁၉(က)/၂ဝ (က)ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

အံ့ကြီးမောင်(ဒလ)

.............

Read 32 times Last modified on Tuesday, 21 May 2019 10:19