SJ WorldNews - шаблон joomla Авто

မော်တော်ယာဉ် တစ်စီး အရှိန် မထိန်းနိုင်ဘဲ ဆိုင်ကယ်ကို ဝင်တိုက် တစ်ဦးသေဆုံး

Tuesday, 21 May 2019 10:19 font size decrease font size decrease font size increase font size increase font size

ပုသိမ်၊ ယာဉ်တိုက်မှု

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်  ချောင်းသာမြို့ ဆိပ်ကြီးကျေးရွာ ချောင်းသာ- ပုသိမ် ကားလမ်းမိုင်တိုင်အမှတ် (၂၉/၂) အနီး၌ မေ ၁၉ ရက် နံနက် ၇ နာရီ ၄၅ မိနစ် က ယာဉ်တိုက်မှုဖြစ်ပွားပြီး လူတစ်ဦးသေဆုံး ကြောင်းသိရသည်။

ဖြစ်စဉ်မှာ  ပုသိမ်မြို့ဘက်မှ ချောင်းသာ ဘက်သို့ မြောက်ဒဂုံမြို့နယ် (၃၈)ရပ်ကွက် ဗညားနွဲ့လမ်းနေ ကိုမင်းဟန်  ၄၂ နှစ်သည်  ယာဉ်အမှတ် 2H/---- အေဒီဗင်အဖြူရောင် မော်တော်ယာဉ်အား မောင်းနှင်လာစဉ် ချောင်းသာမြို့  ဆိပ်ကြီး ကျေးရွာ ချောင်းသာ- ပုသိမ်ကားလမ်းမိုင်တိုင်အမှတ်(၂၉/၂) အရောက်၌ မျက်နှာချင်းဆိုင်မှ ချောင်းသာမြို့  အမှတ်(၃) ရပ်ကွက်နေ ကိုသန်းမောင် ၄၂ နှစ်  မောင်းနှင်လာသည့် ယာဉ်အမှတ်f 69W / ----   လော်ဂျား ၁၁ဝ အနက်ရောင် ဆိုင်ကယ်အား   အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခြင်းဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် ကိုသန်းမောင်မှာ ဘယ်လက်ဖျံရိုးကျိုး၊  ဘယ်ပေါင်နာကျင်၊  ယာလက်ပွန်းပဲ့၊  ဘယ်ခြေထောက် ပွန်း ပဲ့၊  ဆီးခုံအောင့်(စိုးရိမ်ရ) ဒဏ်ရာများရရှိကာ ပုသိမ်ဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ်  သေဆုံးသွားသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍     ယာဉ်မဆင် မခြင်မောင်းနှင်သူ မင်းဟန်အား ချောင်းသာနယ်မြေရဲစခန်းက   ယာဉ်(ပ) ၁ဝ/ ၂ဝ၁၉  ရာဇသတ်ကြီးဥပဒေပုဒ်မ ၃ဝ၄-က ဖြင့် အမှု ဖွင့်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

Read 26 times Last modified on Tuesday, 21 May 2019 10:20