SJ WorldNews - шаблон joomla Авто

မြောင်းမြမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲ မန်နေဂျာ ဒေါ်မာလာတင် (ယခု ကျောင်းကုန်းမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်)အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

Wednesday, 22 May 2019 08:47 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မေ  ၂၁

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်အတွှင်း တောင်သူလယ်သမားများ၏ စပါး ရာသီအလိုက် စိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးရာတွင် မြောင်းမြမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲ မန်နေဂျာ ဒေါ်မာလာတင်သည် တောင်သူလယ်သမားများ၏ အခက်အခဲများ အပေါ် အခွင့်ကောင်းယူကာ လာဘ်ငွေ ရယူ အဂတိလိုက်စားပြီး ဥပဒေစည်းမျဉ်းစည်းကမ်း ပြင်ပ ဆောင်ရွက်နေခြင်းအား အရေးယူပေးပါရန် ဤကော်မရှင်သို့ တိုင်ကြားခဲ့သည်။         

တိုင်ကြားစာအရ   အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ မြောင်းမြမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲ မန်နေဂျာ ဒေါ်မာလာတင်သည်    လေးအိမ်တန်း ကျေးရွာအုပ်စုမှ တောင်သူ ၁၄ ဦး၏ ၂ဝ၁၆ ခုနှစ်   မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေကျပ် ၁၈၉၇ဝ၅၆ဝ ကို ၂ဝ၁၇ ခုနှစ် ဇူလိုင် ၂ဝ ရက်တွင်    မြန်မာ့စီးပွားရေးဘဏ်သို့ ပေးသွင်းခဲ့ကြောင်း၊ ဇူလိုင် ၂၁ ရက်တွင် ယင်းတောင်သူ ၁၄ ဦးအား ၂ဝ၁၇ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေသစ် ထုတ်ချေးပေးခဲ့ကြောင်း၊ ၂ဝ၁၆ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်မှ ချေးငွေပေးဆပ်ရန် ကျန်တောင်သူ ၁၁ ဦး၏ တစ်ဦးချင်း ပြန်လည်ပေးဆပ်သည့် ချေးငွေကျပ် ၁၅၄၁၁ဝဝဝ နှင့် ၅ ရာခိုင်နှုန်း အတိုးဖြင့်    အပိုဆောင်းပေးရငွေ ကျပ် ၇၇ဝ၅၅ဝ အား ဒေါ်မာလာတင်က ကိုယ်တိုင်လက်ခံ ရယူခဲ့ကြောင်း၊ မြောင်းမြမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်မာလာတင်သည်     ရာထူးတာဝန်ကို အလွဲသုံးစားပြု၍   အတိုး ၅ ရာခိုင်နှုန်း ငွေကျပ် ၇၇ဝ၅၅ဝ ကို မိမိကိုယ်ကျိုးအတွက် ရယူခြင်းဖြင့် အဂတိလိုက်စားမှု ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် မြောင်းမြမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ    ဒေါ်မာလာတင်(ယခု ကျောင်းကုန်းမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်) အပေါ်   အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရ ဧရာဝတီတိုင်း ဒေသကြီး    မြောင်းမြမြို့မ ရဲစခန်း၌ ယနေ့ရက်စွဲဖြင့် ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ် ၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ    သတင်းရရှိသည်။

(သတင်းစဉ်)

Read 17 times Last modified on Wednesday, 22 May 2019 08:48