SJ WorldNews - шаблон joomla Авто

ဘူးသီးတောင်မြို့နယ်၌ AA အဖွဲ့ဝင်လေးဦးက သေနတ်ဖြင့်ပစ် ဓားဖြင့်ထိုးသောကြောင့် ရခိုင်အမျိုးသားတစ်ဦးသေဆုံး

Wednesday, 22 May 2019 09:02 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မေ  ၂၁

ရခိုင်ပြည်နယ်ဘူးသီးတောင်မြို့နယ် ကြာညိုပြင်ကျေးရွာ၌ AA အဖွဲ့ဝင်များက သေနတ်ဖြင့်ပစ် ၊ ဓားဖြင့်ထိုးသော ကြောင့် ရခိုင် အမျိုးသားတစ်ဦးသေဆုံးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ  ဘူးသီးတောင်မြို့နယ် ကြာညို ပြင်ကျေးရွာနေ စိုးဝင်းနိုင်(၃၈)နှစ်သည် ယမန်နေ့ည ၇နာရီခန့်က နေအိမ်၌ ရှိနေစဉ် AA အဖွဲ့ဝင်လေးဦးက ဆိုင်ကယ်နှစ်စီးဖြင့်ရောက်ရှိလာကာ ၄င်းတို့အား စက်လှေဖြင့် ဘူးသီးတောင်မြို့သို့     ပို့ဆောင် ပေးရန်ပြောကြားကြောင်း၊ စိုးဝင်းနိုင်က မိုးချုပ်နေသောကြောင့် ပို့ဆောင် မပေးနိုင်ကြောင်း ပြန်လည်ပြောဆို ခဲ့ရာမှ စကားများပြီး  AA  အဖွဲ့ဝင်များက  သေနတ်ဖြင့်  တစ်ချက်ပစ်ခတ်၍  ဓားဖြင့် ဝိုင်းဝန်း ထိုးသောကြောင့် စိုးဝင်းနိုင် တွင် ဝဲ/ ယာ  ရင်ဘတ်ထိုးသွင်း ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း၊  AA  အဖွဲ့ဝင် များက ဆိုင်ကယ်များဖြင့် ဘူးသီးတောင် - ရသေ့တောင်ကားလမ်းအတိုင်း ဖုံညိုလိပ်ကျေးရွာဘက်သို့ ထွက်ပြေးသွားခဲ့ ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ ကြာညိုပြင်ကျေးရွာအား ရှင်းလင်း နယ်မြေစိုးမိုးခဲ့ပြီး ဝန်းကျင်နယ်မြေ လုံခြုံရေးဆောင် ရွက်လျက်ရှိကြောင်းနှင့် စိုးဝင်းနိုင် သေဆုံးမှုအား အမှုဖွင့်အရေး ယူဆောင်ရွက်လျက်ရှိကြောင်း  မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။                        

ရဲပြန်ကြား

Read 18 times Last modified on Wednesday, 22 May 2019 09:12