SJ WorldNews - шаблон joomla Авто

မိုးကုတ်မြို့နယ် အတွင်း ငွေကျပ်သိန်းပေါင်း ၁ဝဝဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ

Thursday, 23 May 2019 09:21 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မေ ၂၂

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ် အတွင်း လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် လယ်ကြီးရဲကင်းရှေ့ရှိ မိုင်းလုံ-မိုးကုတ် ကားလမ်းမအနီး၌ ယာဉ်ဝင်/ထွက်မှုများအား စစ်ဆေးစဉ် မေ ၂၁ ရက် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် မိုင်းလုံဘက်မှ မိုးကုတ်ဘက်သို့ မောင်းနှင်လာသည့် KENBO-125 အမျိုးအစား(လိုင်စင်မဲ့)မော်တော်ဆိုင်ကယ် နှစ်စီးအား   စစ်ဆေးရန် ရပ်တန့်စေခဲ့စဉ် ဆိုင်ကယ်များ ထားခဲ့၍ မောင်းနှင်သူများမှာ ထွက်ပြေး တိမ်းရှောင်သွားခဲ့သည်။

အဆိုပါဆိုင်ကယ်များအား စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ပေါ်ရှိ အနက်ရောင်ခရီး ဆောင်အိတ်နှစ်လုံး အတွင်းမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၄ဝဝဝဝဝပြား(စုစုပေါင်း မူးယစ်ဆေးဝါး ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်းပေါင်း  ၁ဝဝဝဝ  ကျော်)အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့် မော်တော်ဆိုင်ကယ်များအား မိုးကုတ်မြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံပြီး ဖြစ်ကြောင်း သတင်းရရှိသည်။                  

(၁ဝဝ)

Read 18 times Last modified on Thursday, 23 May 2019 09:22