SJ WorldNews - шаблон joomla Авто

မော်တော်ယာဉ် ခိုးယူသွားသူ နှစ်ဦး ဖမ်းဆီးရမိ

Thursday, 23 May 2019 10:09 font size decrease font size decrease font size increase font size increase font size

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်ရှိ ဧရာဝဏ်ဟိုတယ်ရှေ့၌ ရပ်ထားသည့် ပရိုဘောက်အဖြူရောင် မော်တော်ယာဉ်တစ်စီးခိုးခံရမှုနှင့် ပတ်သက်၍ ခိုးသူအား မေ ၂၁ ရက် ည ၉ နာရီခွဲခန့်က သက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဝမ်ကောင်းရပ်ကွက် အတွင်းရှိ ဧရာဝဏ်ဟိုတယ်ရှေ့၌ ရပ်ထားသည့် ပရိုဘောက် အမျိုးအစား အဖြူရောင် မော်တော်ယာဉ်တစ်စီး ခိုးခံရကြောင်း ယာဉ်ပိုင်ရှင်က တာချီလိတ်မြို့မ ရဲစခန်းသို့ လာရောက် သတင်းပေး တိုင်တန်းခဲ့သဖြင့် တရားခံအား အမြန်ဆုံး ဖမ်းဆီးရမိနိုင်ရေးအတွက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့သည် မြို့ပေါ်ရပ်ကွက်များအတွင်း လိုက်လံပိတ်ဆို့ စစ်ဆေးမှုများ ဆောင်ရွက်စဉ် မေ ၂၁ ရက် ည ၉ နာရီခွဲခန့်က ဖန်မင်ကျေးရွာအုပ်စု ဧဒင်ကျေးရွာ အလယ်လမ်းမကြီးပေါ်၌ တာချီလိတ်မှ ကျိုင်းတုံဘက်သို့ ယာဉ်မောင်းစိုင်းလုံရှဲန်း ၂ဝ နှစ် မောင်းနှင်ပြီး ပြည့်ဖြိုးအောင် ၂၆ နှစ် လိုက်ပါ စီးနင်းလာသည့် မော်တော်ယာဉ်ကို တွေ့ရှိ၍ စစ်ဆေးမေးမြန်းရာ အဆိုပါယာဉ်မှာ ဧရာဝဏ်ဟိုတယ်ရှေ့မှ ခိုးယူခဲ့သည့် မော်တော်ယာဉ်ဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်၍ သက်သေများရှေ့တွင် သိမ်းဆည်းသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ စိုင်းလုံရှဲန်းနှင့် ပြည့်ဖြိုးအောင်တို့ နှစ်ဦးအား တာချီလိတ် မြို့မရဲစခန်းက (ပ)၂၈၆/၂ဝ၁၉၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၉(ကား)ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက် ထားကြောင်း သိရသည်။

Read 13 times Last modified on Thursday, 23 May 2019 10:09