SJ WorldNews - шаблон joomla Авто

ယာဉ်တစ်စီး ဘက်ထရီရှော့ ဖြစ်ကာ မီးလောင်

Thursday, 23 May 2019 10:09 font size decrease font size decrease font size increase font size increase font size

ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့ အောင်မင်္ဂလာရပ်ကွက်၌ မေ ၂၂ ရက် နံနက် ၂ နာရီ ၅၅ မိနစ်တွင် အာလူးများ တင်ထားပြီး ရပ်တန့်ထားသော ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်-ပဲခူးကားလမ်းဘေး လမ်းလယ်ကျွန်းအမှတ် (၁၂၂) နှင့် (၁၂၃)ကြား၌ ဓာတ်မြေသြဇာဆိုင်အနီး လမ်းဘေးချ ရပ်တန့်ထားသော အာလူးများ တင်ဆောင်ထားသည့် ယာဉ်အမှတ် 8E/----MDY နစ်ဆန်းနီဝါရောင် ၁၂ ဘီးယာဉ်၏ ကားဘက်ထရီခေါင်း မထိတထိဖြစ်ရာမှ ရှော့ဖြစ်ပြီး ယာဉ်ဦးခေါင်းပိုင်း မီးလောင်ကျွမ်းခြင်း ဖြစ်ကာ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူးပါ ၁၄ ဦးတို့က မီးငြှိမ်းသတ်ယာဉ် နှစ်စီးဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ရာ နံနက် ၃ နာရီ ၅ မိနစ်တွင် မီးငြိမ်းသွားသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း ဝင်းမောင်အား လှည်းကူး မြို့မရဲစခန်းက ဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

နိုင်လင်း(လှည်းကူး)

Read 13 times Last modified on Thursday, 23 May 2019 10:10