SJ WorldNews - шаблон joomla Авто

ငွေကျပ်သိန်း ၅ဝဝဝ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

Thursday, 23 May 2019 10:10 font size decrease font size decrease font size increase font size increase font size

စစ်ကိုင်းတိုင်း ဒေသကြီး မော်လိုက်ခရိုင် ဖောင်းပြင်မြို့နယ် အုန်းသာအုပ်စု ရောင်းဟီးကျေးရွာ၏အရှေ့ဘက် လေးမိုင်ခန့်အကွာ တောလမ်းအတွင်း၌ မေ ၂၁ ရက် ည ၇ နာရီက ငွေကျပ်သိန်း ၅ဝဝဝ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး များနှင့်အတူ မော်တော်ယာဉ်တစ်စီး ပိုင်ရှင်မဲ့ သိမ်းဆည်းရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖောင်းပြင်မြို့မရဲစခန်းမှ ဒုတိယရဲအုပ်ဇော်ဝင်းနိုင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မူးယစ်ဆေးဝါး ဆန့်ကျင် တိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင် ဦးနိုင်လင်းနှင့် အဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါး သတင်းအရ ဖောင်းပြင်မြို့နယ် အုန်းသာအုပ်စု ရောင်းဟီးကျေးရွာ၏ အရှေ့ဘက် လေးမိုင်ခန့်အကွာ တောလမ်း အတွင်းတစ် နေရာ၌ ယာဉ်အမှတ် MDY-9C/----  ခဲရောင် HARRIER အမျိုးအစား ယာဉ်တစ်စီး ရပ်တန့်ထားသည်ကို တွေ့ရှိရသဖြင့် သက်သေများ ရှေ့တွင် ရှာဖွေစစ်ဆေးရာ ယာဉ်အနီး ချုံပုတ်များထဲတွင် အစိမ်းရောင် ဆာလာအိတ် ငါးအိတ်ဖြင့် ထုပ်ထားသည့် ဘိန်းဖြူဆပ်ပြာခွက် ၆၆ဝ၊ တစ်ခွက်လျှင် ၉ ဂရမ် စုစုပေါင်းဂရမ် ၅၉၄ဝ ငွေကျပ်သိန်း ၅ဝဝဝ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဖောင်းပြင်မြို့မ ရဲစခန်းက မယ(ပ)၇၁/၂ဝ၁၉၊ မူး/စိတ်ဥပဒေပုဒ်မ ၁၉(က) ဖြင့် အမှုဖွင့်၍ မူးယစ်ဆေးဝါး သယ်ဆောင်လာသူအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ မော်လိုက်သားလေး

Read 17 times Last modified on Thursday, 23 May 2019 10:11