SJ WorldNews - шаблон joomla Авто

ယာဉ်အောက်၌ အိပ်နေသူ ယာဉ်ကြိတ်မိ၍ သေဆုံး

Thursday, 23 May 2019 10:11 font size decrease font size decrease font size increase font size increase font size

မန္တလေးတိုင်း ဒေသကြီး ဝမ်းတွင်းမြို့နယ် ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင်အမှတ် (၃၄၉/၆)နှင့် (၃၄၉/၇)ကြား၌ မေ ၂၁ ရက် နံနက် ၃ နာရီခွဲခန့်က အမျိုးသားတစ်ဦး ကားကြိတ်ခံရ၍ သေဆုံးမှု ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဝမ်းတွင်းမြို့နယ် တံတားဦးရပ်ကွက် အမှတ်(၂)နေ သိန်းဇော် ၃၅ နှစ် မောင်းနှင်ပြီး ယာဉ်နောက်လိုက် မြစ်သားမြို့နယ် တောတွင်ညောင်ပင် ကျေးရွာနေ ဟိန်းထက်မျိုးမောင်၂ဝ နှစ် လိုက်ပါလာသော ယာဉ်အမှတ် MDY 1K/----  အပြာရောင် ၂၂ ဘီးတွဲယာဉ်မှာ မြေသားလမ်းပေါ်တွင် ရန်ကုန်ဘက်သို့ ဦးခေါင်းပြုလျက် ရပ်နားထားစဉ် ယာဉ်နောက်လိုက် ဟိန်းထက်မျိုးမောင်မှာ အဆိုပါယာဉ်၏ အောက်ပိုင်းသို့ ပိုက်ဖျာတစ်ချပ်ခင်း၍ ဝင်ရောက် အိပ်နေစဉ် ၁ဝ မိနစ်ခန့် အကြာတွင် ယာဉ်မောင်း သိန်းဇော်မှာ ယာဉ်ကို ကားလမ်းမပေါ်သို့ တက်ရန်အတွက် နောက်သို့ အရှိန်ယူ မောင်းနှင်လိုက်စဉ် အိပ်နေသော ယာဉ်နောက်လိုက်အား ဦးခေါင်းပိုင်းနှင့် လက်တို့ကို ကြိတ်နင်းမိပြီး ယာဉ်နောက်လိုက်မှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ သိန်းဇော်အား ဝမ်းတွင်းမြို့မ ရဲစခန်းက ယာဉ်(ပ)၁၇/၂ဝ၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃ဝ၄(က) ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

Read 13 times Last modified on Thursday, 23 May 2019 10:11