SJ WorldNews - шаблон joomla Авто

မိုးမိတ်မြို့နယ်အတွင်း မူးယစ်ဆေးဝါးများ ရောင်းချနေသူ နှစ်ဦးနှင့်အတူ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Friday, 24 May 2019 17:04 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မေ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ယနေ့နံနက် ၁ဝ နာရီခန့်တွင် နားယုတ်ကျေးရွာရှိ ဒေါ်နန့်အွမ်(ဘ)ဦးမောင်ကျော်နှင့် ဦးမြအောင်(ဘ)ဦးသိန်းဟန်တို့ နှစ်ဦး၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ ၅ ဂရမ်ခန့်၊ ဘိန်းမည်း၂၄၈ ဂရမ်၊ WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၄၆၄ ပြားနှင့် ၈၈။၁ စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၂ဝ ပြား(စုစုပေါင်း မူးယစ်ဆေးဝါး ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၃ဝ ကျော်) နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့် ဖမ်းဆီးရမိသူများအား မိုးမိတ်မြို့နယ်ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံပြီး ဖြစ်ကြောင်း သတင်းရရှိသည်။

Read 16 times Last modified on Friday, 24 May 2019 17:05