SJ WorldNews - шаблон joomla Авто

မံစီမြို့နယ်အတွင်း မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Friday, 14 June 2019 09:55 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇွန်  ၁၃

ကချင်ပြည်နယ်၊ မံစီမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဇွန် ၁၂ ရက် ည ၆ နာရီခွဲခန့်တွင် မံရကျေးရွာ၏ အရှေ့မြောက်ဘက် ၁ မိုင်ခန့်အကွာ၌ သတင်းအရ ဖြတ်သန်း သွားလာမှုများအား စစ်ဆေး ဆောင်ရွက်စဉ် မံသာကျေးရွာဘက်မှ ဟန်ထက်ကျေးရွာဘက်သို့ ဇင်မင်းထွန်း(ဘ)ဦးကျော်မြင့် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ WYစာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၇၂ဝ ပြားနှင့် MYစာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၂ဝဝ ပြား (စုစုပေါင်းမူးယစ်ဆေးဝါး ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈ သိန်းကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများ၊ မော်တော်ဆိုင်ကယ်နှင့် ဖမ်းဆီးရမိသူအား  မံစီမြို့နယ်၊ အထူးမူးယစ် တပ်ဖွဲ့စုသို့ စနစ်တကျ လွှဲပြောင်း အပ်နှံပြီးဖြစ်ကြောင်း သတင်း ရရှိသည်။

 (၁ဝဝ)

Read 11 times Last modified on Friday, 14 June 2019 09:56