SJ WorldNews - шаблон joomla Авто

နိုင်ဂျီးရီးယား၌ အစိုးရတပ်နှင့် ဘိုကိုဟာရမ်စစ်သွေးကြွအဖွဲ့ကြားတိုက်ခိုက်မှုဖြစ်ပွား စစ်သွေးကြွရှစ်ဦးသေဆုံး

Tuesday, 13 August 2019 10:34 font size decrease font size decrease font size increase font size increase font size

အဘူဂျာ၊ အကြမ်းဖက်ချေမှုန်းရေး

နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်း  ဘော်နို ပြည်နယ်တွင် အစိုးရတပ်နှင့်   ဘိုကိုဟာရမ် စစ်သွေးကြွ အဖွဲ့တို့ကြား   အပြန် အလှန်ပစ် ခတ်မှုများဖြစ်ပွားရာ စစ်သွေးကြွရှစ်ဦးသေဆုံး သွားကြောင်း စစ်ဘက်က သြဂုတ် ၁၂ ရက် တွင် ထုတ်ပြန်သည်။

စစ်သွေးကြွ အဖွဲ့ဝင်များသည် သြဂုတ် ၁၁ ရက်တွင် ဂူဘီယိုမြို့ရှိ စစ်အခြေစိုက်စခန်း တစ်ခုအား သိမ်းပိုက်ရန် ကြိုးပမ်းရာမှ အစိုးရ တပ်ဖွဲ့မှ စစ်သည်များနှင့် စစ်သွေးကြွတို့ကြားတိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။အဆိုပါတိုက်ခိုက် မှုအတွင်း စစ်သည် နှစ်ဦးနှင့် အရပ်သားနှစ်ဦး သေဆုံးသွားကြောင်း၊စစ်သွေးကြွအဖွဲ့၏ တိုက်ခိုက်မှုကို အစိုးရ တပ်ဖွဲ့က အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့ကြောင်း၊ အပြန်အလှန်တိုက်ခိုက်မှုသည် ငါးနာရီခန့်ကြာမြင့်ခဲ့ကြောင်း စစ်ဘက် အရင်း အမြစ် နှစ်ခု၏ ပြောဆိုချက်အရ သိရသည်။

တိုက်ခိုက်မှုအတွင်း စစ်သွေးကြွအဖွဲ့ဝင် အများအပြားဒဏ်ရာရရှိခဲ့ပြီး အစိုးရတပ်ဖွဲ့ကအသာစီးရပြီးနောက်ပိုင်းတွင် စစ်သွေးကြွများ ထွက်ပြေးသွားခဲ့ပြီး အစိုးရတပ်ဖွဲ့ဝင်များသည် စစ်သွေးကြွများထံမှမော်တော်ကား တစ်စီး၊ လက်နက် အများအပြားကို သိမ်းဆည်း နိုင်ခဲ့သည်။

ဘိုကိုဟာရမ်စစ်သွေးကြွများ၏တိုက်ခိုက်မှုကို အောင်မြင်စွာ တွန်းလှန်နိုင်ရေး အတွက် လိုအပ်သလို ထောက်ပံ့ ပို့ဆောင်ရေး ပစည်းများကိုအစိုးရ တပ်များအား ပေးအပ်လျက်ရှိကြောင်း ပြည်နယ် အုပ်ချုပ်ရေးမှူး ဘာဘာ ဂါနာဇူလွန် က အတည်ပြုပြောဆို ထားသည်။

Ref: Xinhua

Read 38 times Last modified on Tuesday, 13 August 2019 10:35