SJ WorldNews - шаблон joomla Авто

မိုးခေါင်ရေရှားမှုကြောင့် သြစတြေးလျက ကနေဒါမှ ဂျုံများကို ပြန်လည် တင်သွင်းရန် စီစဉ်နေရ

Thursday, 16 May 2019 12:40 font size decrease font size decrease font size increase font size increase font size

သြစတြေးလျ နိုင်ငံသည် ဂျုံကိုပြည်ပသို့ တင်ပို့သည်  အဓိကနိုင်ငံကြီး တစ်နိုင်ငံဖြစ်သော်လည်း  ယခုနှစ်တွင်  ပြည်တွင်း၌ မိုးခေါင်ရေရှားမှုကြောင့်  နိုင်ငံအတွင်း စားသုံးမည့် ဂျုံကို ကနေဒါနိုင်ငံမှပင် ပြန်လည်တင်သွင်းရန် စီစဉ်နေရသည်။

ကနေဒါနိုင်ငံမှ  ဂျုံပမာဏ အများအပြား တင်သွင်းမည့်သူ တစ်ဦးကို အစိုးရက ခွင့်ပြုမိန့် ထုတ်ပေးထားကြောင်း သြစတြေးလျစိုက်ပျိုးရေးနှင့် ရေအရင်းအမြစ် ဝန်ကြီးဌာနက မေ ၁၄ ရက်တွင်ပြောသည်။

အဆိုပါခွင့်ပြုမိန့်သည် ဂျုံများကို တစ်ခါသာ တင်သွင်းရန် ခွင့်ပြုထားခြင်းဖြစ်ပြီး သီတင်းပတ်ခြောက်ပတ်မှ ရှစ်ပတ်အတွင်း သြစတြေးလျ နိုင်ငံသို့ ကနေဒါမှဂျုံများ ရောက်လာမည် ဖြစ်သည်။

ရက်ပေါင်းများစွာ ရှည်ကြာသော မိုးခေါင်ရေရှားမှုကြောင့် သြစတြေးလျနိုင်ငံ အရှေ့ပိုင်းရှိ ဂျုံများအပါအဝင် အခြားကောက်ပဲသီးနှံများ မဖြစ်ထွန်းခြင်း ဖြစ်သည်။

ပြီးခဲ့သည့်နှစ်တွင် အရှေ့ပိုင်း ကမ်းရိုးတန်းဒေသရှိ ဂျုံမက်ထရစ်တန် ၁ တန်၏ ဈေးနှုန်းမှာ သြစတြေးလျဒေါ်လာ ၄၅ဝ အထိမြင့်တက်သည့်အတွက် ကမ္ဘာပေါ်တွင် ဂျုံဈေး အကြီးဆုံး ဈေးကွက်တစ်ခု ဖြစ်လာသည်။

ပြီးခဲ့သည့်ရာသီအတွင်း သြစတြေးလျမှ ဂျုံတန်ချိန် ၁၇ သန်းသာ ထွက်ရှိပြီး လာမည့် ရာသီတွင် ဂျုံတန်ချိန်သန်း ၂ဝ အထိ ထွက်ရှိနိုင်ကြောင်း အမေရိကန်စိုက်ပျိုးရေး ဝန်ကြီး ဌာနက ခန့်မှန်းထားသည်။

Read 20 times Last modified on Thursday, 16 May 2019 12:40