SJ WorldNews - шаблон joomla Авто

ဘဂ္ဂဒက် မြို့၌ လက်နက်တိုက်တစ်လုံး ပေါက်ကွဲ

Wednesday, 14 August 2019 09:26 font size decrease font size decrease font size increase font size increase font size

ဘဂဒက်၊ မတော်တဆမှု

အီရတ်နိုင်ငံ  ဘဂဒက် မြို့ရှိ  လက်နက် တိုက်တစ်လုံးသည် သြဂုတ် ၁၂ ရက်တွင် ပေါက်ကွဲမှုဖြစ်ပွားရာ တစ်ဦး သေဆုံး ပြီး ၂၉  ဦးဒဏ်ရာ ရကြောင်း  အာဏာပိုင်များက ထုတ်ပြန်သည်။

အဆိုပါလက်နက်တိုက်ကို ပြည်သူ့စစ်အဖွဲ့က ပိုင်ဆိုင်ခြင်းဖြစ်သည်။ ထိုလက်နက်တိုက်တွင် တာတိုပစ် ဒုံးကျည်နှင့် Katyusha အမျိုးအစား ဒုံးကျည်များ သိမ်းဆည်း ထားခြင်းဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။  လက်နက်တိုက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူ အများစုမှာ ကလေးငယ် များဖြစ်ကြောင်း ခရိုင်ကျန်းမာရေး ဌာနမှ ပြောရေးဆိုခွင့်ရှိသူ  ကာဆင်အယ်အတ်တာဘီက ပြောသည်။

ဒဏ်ရာရသူ အများစုမှာ မစိုးရိမ်ရကြောင်း၊  ယခုအခါ ဆေးရုံမှ ဆင်းသွားပြီဖြစ်ကြောင်း ကျန်းမာရေး ၀န်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူ အာအစ်ဘေဒါက ပြောသည်။

လက်နက်တိုက်၌ ဖြစ်ပွားသည့် ပေါက်ကွဲမှုသည်  အပူချိန်မြင့်တက်ခြင်းနှင့်  ဂရုမစိုက် ခြင်းကြောင့်အပြင် ဒုံးကျည် အပါ အ၀င် အခြား ပစည်းများကို ဖရိုဖရဲ ထားခြင်းကြောင့် ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ အဆိုပါ ပေါက်ကွဲ မှုနှင့် စပ်လျဉ်း၍ ပြည်ထဲရေး ၀န်ကြီးဌာနက ဆက်လက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Ref: Reuters

Read 13 times Last modified on Wednesday, 14 August 2019 09:27