SJ WorldNews - шаблон joomla Авто

ရာသီဥတု ပြောင်းလဲမှုအတွက် ပစိဖိတ်ကျွန်းစုနိုင်ငံများကို သြစတြေးလျက ဒေါ်လာသန်း ၅၀၀ ပေးမည်

Wednesday, 14 August 2019 09:27 font size decrease font size decrease font size increase font size increase font size

ဆစ်ဒနီ၊ ရာသီဥတုပြောင်းလဲမှု

သြစတြေးလျအစိုးရသည် ရာသီဥတုပြောင်းလဲမှုအတွက် ပစိဖိတ်နိုင်ငံများကို ဒေါ်လာသန်း ၅၀၀ ထောက်ပံ့ သွားမည် ဖြစ်ကြောင်း သိရသည်။ သို့သော် မြေနိမ့်ပိုင်းနိုင်ငံများက ရာသီဥတုပြောင်းလဲမှုကို လျှော့ချရန် အတွက် အရေးတကြီး လုပ်ဆောင်ရမည့် အရာမှာ အင်အားကြီး နိုင်ငံများအနေဖြင့် ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချရန်ဖြစ်ကြောင်း ပြောထားသည်။

နိုင်ငံတကာသို့ ကူညီထောက်ပံ့မှု ဘတ်ဂျက်မှနေ၍ ပစိဖိတ်နိုင်ငံများ အတွက် ထောက်ပံ့ ခြင်းဖြစ်ပြီး ရာသီဥတု ပြောင်းလဲမှု ဒဏ်ကို ခံနိုင်ရန် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အသုံးပြုရန်အတွက် ရင်းနှီးမြှုပ်နှံရာတွင် ကူညီပေးမည် ဖြစ်ကြောင်း သြစတြေးလျ ၀န်ကြီးချုပ် စကော့မောရစ်ဆင်က ပြောသည်။                                  

Ref: The Straits Times

Read 14 times Last modified on Wednesday, 14 August 2019 09:27