SJ WorldNews - шаблон joomla Авто

ဆင်းရဲသူများကို အမြဲတမ်း နေထိုင်ခွင့်ငြင်းပယ်သည့် ဥပဒေအသစ် ထရမ့် အစိုးရပြဋ္ဌာန်း

Wednesday, 14 August 2019 09:27 font size decrease font size decrease font size increase font size increase font size

ဝါရှင်တန်၊ နိုင်ငံရေး

အမေရိကန် သမတ ဒေါ်နယ်ထရမ့်အစိုးရသည် သြဂုတ် ၁၂ ရက်တွင် ဥပဒေအသစ်ပြဋ္ဌာန်းခဲ့ပြီး အဆိုပါဥပဒေအရ  ဆင်းရဲသူ ထောင်ပေါင်းများစွာ၏ နိုင်ငံအတွင်းအမြဲတမ်း နေထိုင်ခွင့်နှင့်   တောင်းခံမှုတို့ကိုငြင်းပယ် မည်ဖြစ်ပြီး ထိုကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ အတွင်းသို့ တရားဝင်လူဝင်မှုကို ထက်ဝက်ခန့် လျှော့ချနိုင်မည်ဖြစ်ကြောင်း ကျွမ်းကျင်သူ အချို့က ပြောသည်။

အဆိုပါဥပဒေသည်  အောက်တိုဘာ ၁၅ ရက်တွင်    စတင်အသက်ဝင်မည်ဖြစ်ပြီး ယင်းဥပဒေအရ ၀င်ငွေနည်း ပါးသော သူများ သို့မဟုတ် အစိုးရ၏လူမှုဖူလုံရေးအစီအစဉ် ရယူထားသူများနှင့် နိုင်ငံတော်၏အထောက် အပံ့များ ရယူထားသူများ အနေဖြင့် အမေရိကန် နိုင်ငံအတွင်း ယာယီနေထိုင်ခွင့် သို့မဟုတ်အမြဲတမ်း နေထိုင်ခွင့် ဗီဇာများ လျှောက်ထား ခွင့်ပြုမည် မဟုတ်ပေ။

ထရမ့်အစိုးရသည်   လွှတ်တော်ကိုဂရု မစိုက်ဘဲ ၎င်းင်း၏လူဝင်မှုဥပဒေကိုချမှတ်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း ယင်း ဥပဒေမှာ ၀င်ငွေနည်းပါးသူများကို နိုင်ငံအတွင်းနေထိုင် ခွင့်တားမြစ်ခြင်း ဖြစ်ကြောင်း လူဝင်မှု ကော်ပိုရေးရှင်းမှ တာဝန်ရှိသူ တစ်ဦးဖြစ်သော ချားဝီလာကပြောသည်။ ယင်းဥပဒေအသစ်သည် ထရမ့် အစိုးရက တရားဝင် လူဝင်မှုနှင့် တရား မ၀င်လူဝင်မှုနှစ်ခုစလုံးကို ထိန်းချုပ်ရန်ကြိုးပမ်းမှု၏ တစ်စိတ်တစ်ဒေသဖြစ်သည်။

ယင်းဥပဒေကို တားမြစ်ရန် အတွက် တရား စွဲဆိုမည်ဖြစ်ကြောင်း၊ ယင်းဥပဒေသည် လူမျိုးရေးအရ လှုံ့ဆော်မှု ဖြစ် ကြောင်း၊ နိုင်ငံ၏ လူဝင်မှုဥပဒေ စင်တာ (NILC) ကပြောသည်။ ကယ်လီဖိုးနီးယား ရှေ့နေချုပ်နှင့် နယူးယောက် ရှေ့နေချုပ်တို့က အဆိုပါ ဥပဒေအသစ်နှင့် ပတ်သက်၍  တရားစွဲဆိုမည်ဟုခြိမ်းခြောက် ပြောဆိုထားကြောင်းသိရသည်။

Ref: Reuters

Read 14 times Last modified on Wednesday, 14 August 2019 09:29